အရပ်ပုသူတွေက အရပ်ရှည်သူတွေထက် ပိုပြီးစိတ်တိုလွယ်ကြောင်း လေ့လာတွေ့ရှိ

he1.jpg

လူပု စိတ်တိုဆိုတဲ့ အတိုင်းပါပဲ။ အရပ်ပုသူတွေဟာ အရပ်ရှည်သူတွေထက် စိတ်ပိုတိုလွယ်ပြီး ရာဇဝတ်မှုပိုမိုကျူးလွန်နိုင်ကြသူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိချက် တစ်ခုက ဆိုပါတယ်။

အတ္တလန်တ၊ ဂျော်ဂျာ (Atlanta, Georgia) ပြည်နယ်က သုတေသနပညာရှင်တစ်ချို့ဟာ အသက် (၁၈) နှစ်နဲ့ အသက် (၅၀) အရွယ်ကြားမှာရှိတဲ့ အမျိုးသားဦးရေ (၆၀၀) ကို စမ်းသပ်ခဲ့ပါတယ်။ သူတို့ရဲ့ ပင်ကိုယ်စရိုက်လက္ခဏာပေါ်မူတည်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှု၊ အကြမ်းဖက်မှုနဲ့ ပြစ်မှုကျူးလွန်မှုတွေ ဘယ်လိုပုံစံနဲ့ ဘယ်လောက်အကြိမ်အရေအတွက်ထိ ကျူးလွန်ခဲ့ဖူးကြကြောင်း စမ်းတမ်းကောက်ယူခဲ့ကြပါတယ်။

စမ်းသပ်ချက်အရ ယောကျာ်းဆန်ဆန် ဖြောင့်ဖြောင့်တောင့်တောင့် (သို့) ယောကျာ်းရုပ်သွင်ရှိကြတဲ့ အမျိုးသားတွေဟာ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ဖို့ရာ အလားအလာအရှိဆုံးလို့ ဆိုပါတယ်။

ဆက်လက်ပြီး အော့စဖို့ဒ်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာစမ်းသပ်ချက်တစ်ခုမှာဆိုရင်လည်း အရပ်ပုသူတွေဟာ အရပ်ရှည်တဲ့သူတွေထက် အားနည်းချက် (သို့) ခုခံနိုင်မှုအားပိုနည်းတဲ့အပြင် မိမိ အထင်နဲ့ တစ်ပါးသူရန်မူမှာကို ကြောင့်ကြလွန်းတဲ့စိတ်၊ တစ်ပါးသူအပေါ် ယုံမှားသံသယလွန်ကဲတဲ့စိတ်တွေဟာ အရပ်ရှည်သူတွေထက် ပိုမိုမြင့်မားကြတယ်လို့ ဆိုပါတယ်။

ခေတ်ကာလအနေအထားနဲ့ လူ့အဖွဲ့အစည်းရဲ့ စံနှုန်းစံထားတွေအရ ယောကျာ်းလေးတွေအတွက်တော့ အရပ်ဆိုတာသေချာပေါက်စော်ကြည်စေဖို့နဲ့ လူရာဝင်စေဖို့ အရေးပါတဲ့အရာတစ်ခုလို ဖြစ်နေပေမယ့် တခြားသူရဲ့ အရပ်၊ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို ကဲ့ရဲ့ရှူံ့ချခြင်း (body shaming) မပြုကြဖို့လည်း အထူးဂရုပြုသင့်ပါတယ်။

Ref: higherperspective.com “New research says short people are angrier and more violent than tall people”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top