မျက်တောင်မွေးပါးသူတွေအတွက် မျက်တောင်ရှည် ပြီးသန်လာစေမယ့် အစားအစာတွေ

24-7-2020-yyl-034.jpg

တချို့မိန်းကလေးတွေက မျက်ခုံးမွေးထူပေမယ့် မျက်တောင်မွေးက ပါးနေတတ်ကြပါတယ်။ မျက်တောင်မွေးပါးတဲ့အတွက် မျက်တောင်မွေးရှည်ရှည်လေးပိုင်ဆိုင်ဖို့ မျက်တောင်အတုသုံးကြရပါတယ်။ မျက်တောင်အတုသုံးစရာမလိုပဲ မိမိရဲ့သဘာဝမျက်တောင်မွေးရှည်ကို ပိုင်ဆိုင်ချင်ရင် နည်းလမ်းရှိပါတယ်နော်။ မျက်တောင်မွေးသန်စေမယ့် နည်းလမ်းတွေကတော့ မျိုးစုံပါပဲ။ ဒါပေမဲ့ အလွယ်ကူဆုံးနည်းလမ်းက သင် နေ့တိုင်းစားတဲ့အစားအစာကို ပြောင်းလဲစားသုံးတာပါပဲ။ သင် လုပ်ဆောင်ဖို့လိုအပ်တာကတော့ သင့်မျက်တောင်ကိုသာမက ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း အကျိုးရှိစေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အရသာရှိတဲ့ အစားအစာတချို့ကို စားသုံးပေးဖို့ပါပဲ။ မျက်တောင်ရှည်ပြီး သန်လာစေဖို့အတွက် စားပေးသင့်တဲ့အစားအစာတွေက

ကြက်ဥ

ကြက်ဥက ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် မျက်တောင်မွေးကို ရှည်ပြီး သန်မာလာစေနိုင်ပါတယ်။ ဆံပင်နဲ့မျက်တောင်မွေးတွေက ကီရာတင်လို့ခေါ်တဲ့ ပရိုတင်းအမျိုးအစားနဲ့ ဖွဲ့စည်းထားတာပါ။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေက ခန္ဓာကိုယ်ကို ကီရာတင်ဓာတ်ကို ထုတ်လွှင့်ဖို့အတွက် အမီနိုအက်ဆစ်ပမာဏရရှိအောင် ကူညီပေးပါတယ်။ ဒါက သင့်မျက်တောင့်ကို သန်ပြီး ရှည်လာစေမှာဖြစ်ပါတယ်။

ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးက အိုမီဂါ ၃ အက်ဆစ်၊ ဗီတာမင်ဒီ၊ ဘီဓာတ်တွေရနိုင်တဲ့အစားအစာဖြစ်ပါတယ်။ အိုမီဂါ ၃ အက်ဆစ်က မျက်တောင်မွေးကျွတ်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်ဒီနဲ့ ဘီတို့ကလည်း မျက်တောင်မွေးသန်လာအောင် ကူညီပေးနိုင်ပါတယ်။

အစေ့အဆံ

အစေ့အဆံတွေက သင့်ခန္ဓာကိုယ်ကို အိုမီဂါ ၃ အက်ဆစ်နဲ့ ဗီတာမင်အီဓာတ်တွေနဲ့ ထောက်ပံ့ပေးထားပါတယ်။ အိုမီဂါ ၃ နဲ့ ဗီတာမင်အီဓာတ်တွေက မွေးညင်းပေါက်တွေဆီ သွေးနဲ့ အောက်ဆီဂျင်တွေ ပို့ဆောင်ပေးပါတယ်။ ဒါက သွေးစီးဆင်းမှုကို တိုးလာစေပြီး မွေးညင်းပေါက်တွေကို သန်လာစေပါတယ်။ မျက်တောင်မွေးရှည်လာအောင် ကူညီပေးနိုင်တဲ့အပြင် မျက်တောင်မွေး မြန်မြန်သန်လာအောင်လည်း တွန်းပို့ပေးပါတယ်။

အသီးနဲ့ဟင်းသီးဟင်းရွက်

အသီးနဲ့ဟင်းသီးဟင်းရွက်တွေက ဗီတာမင်အေ နဲ့ ဗီတာမင်စီဓာတ်တွေ ပါဝင်ပါတယ်။ ဒီဗီတာမင်ဓာတ်တွေက မျက်တောင်မွေးသန်လာဖို့နဲ့ ကာလဂျင်ထုတ်လုပ်နိုင်ဖို့ အကျိုးရှိစေပါတယ်။ အသီးအခွံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ မရှိမဖြစ်သတ္တုဓာတ် ဆီလီကာ (Silica) ဓာတ်ပါဝင်တဲ့အတွက် မျက်တောင်မွေး ရှည်ပြီး သန်စွမ်းလာအောင် ကူညီပေးပါတယ်။

မှို

မှိုကလည်း ဗီတာမင် B3 ဓာတ်ပါဝင်တာကြောင့် မျက်တောင်မွေးကို ရှည်လာစေပါတယ်။ မှိုက သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် ကီရာတင်ဓာတ်ထုတ်လုပ်နိုင်ဖို့အတွက် ကူညီပေးပါတယ်။ ဗီတာမင် B3 က မျက်တောင်သန်စွမ်းလာအောင် လှုပ်ဆော်ပေးပြီး ခြောက်သွေ့ကျိုးပဲ့တဲ့မျက်တောင်မွေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ မျက်တောင်မွေးကျွတ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ပဲအမျိုးအမျိုး

ပဲအမျိုးမျိုးမှာ ဗီတာမင် H နဲ့ ဖောလစ်အက်ဆစ်ပါဝင်ပါတယ်။ ဗီတာမင် H ဓာတ်က မွေးညင်းပေါက်တွေဆီ သွေးစီးဆင်းမှုတိုးလာစေပြီး မျက်တောင်မွေး ပိုထူလာစေတဲ့အပြင် မျက်တောင်ခြောက်သွေ့ပြီး ကျွတ်တာကနေလည်း ကာကွယ်ပေးပါတယ်။ ကျန်းမာသန်စွမ်းတဲ့မျက်တောင်မွေးအတွက် အရေးပါတဲ့ အမီနိုအက်ဆစ်နဲ့ အဆီဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်အောင်လည်း ကူညီပေးပါတယ်။ ဖောလစ်အက်ဆစ်က မျက်တောင်မွေးကျိုးပဲ့ခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

အစေ့အဆံလေးတွေပါတဲ့ ပေါင်မုန့် (Whole Grain)

အစေ့အဆံပါတဲ့ပေါင်မုန့်က ဗီတာမင် B6 နဲ့ သံဓာတ်ကြွယ်ဝပါတယ်။ ဗီတာမင် B6 က မျက်တောင်မွေးကို အရောင်ပေးစွမ်းတဲ့ မယ်လနင် (Melanin) ဓာတ်တွေထုတ်လုပ်မှုကို လှုပ်ဆော်ပေးပါတယ်။ သံဓာတ်ကို မွေးညင်းပေါက်မှာ သိမ်းဆည်းထားပြီး မျက်တောင်မွေးအားနည်းတာ၊ ကျွတ်ကျတာတွေမဖြစ်အောင် ကာကွယ်ပေးပြီး မျက်တောင်မွေးကို ရှည်လာအောင် ကူညီပေးနိုင်ပါတယ်။

Ref: Brightside “7 Foods That Will Help You Grow Long Eyelashes”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top