ဇနီးသည်အတွက် ကျောက်ကပ် အစားထိုး လှူဒါန်းပေးခဲ့တဲ့ အမျိုးသား

steve-lesley-kennedy-kidney-transplant-fb-600-jpg.jpg

အချစ်စစ် အချစ်မှန်လို့ပဲ ပြောရမှာပေါ့နော်။ အချစ်အတွက်ဆို အသက်ပါပေးရဲတတ်ကြတယ်လေ။ ဒါကိုလည်း အရမ်းချစ်ဖူးသူတွေပဲ သိပါလိမ့်မယ်။ အိမ်ထောင်သက် (၃၀) နှစ် ရှိပြီဖြစ်တဲ့ ဝါရှင်တန်က စုံတွဲတစ်တွဲအတွက်တော့ ဒီစကားလေးက အရမ်းမှန်ကန်ပါတယ်။

လက်စ်လေ ကနေဒီ (Lesley Kennedy) ဆိုတဲ့အမျိုးသမီးဟာ ကျောက်ကပ်ဝေဒနာကို ခံစားခဲ့ရပြီး အသက်အန္တရာယ်ကိုပါ တဖြည်းဖြည်းစိုးရိမ်လာရတဲ့ အခြေအနေရှိခဲ့ပါတယ်။

ဒီနှစ် အစောပိုင်းကာလတွေတုန်းက လက်စ်လေဟာ ကျောက်ကပ်အတွင်းမှာရှိတဲ့ ရေပိုနဲ့ အညစ်အကြေးတွေကို ဖယ်ထုတ်သန့်စင်ခဲ့ပြီး ဆရာဝန်က ကျောက်ကပ် အစားထိုး ကုသမှု ပြုလုပ်နိုင်မှသာ အသက်ရှင်နိုင်တော့မှာဖြစ်ကြောင်း သတိပေးစကား ပြောခဲ့ပါတယ်။

ဒါကြောင့်မို့ သူ့ရဲ့ခင်ပွန်းစတိဗ့်က လက်စ်လေအတွက် ကျောက်ကပ်အစားထိုး လှူဒါန်းပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင် (၁၉) ရက်နေ့မှာ အစားထိုးကုသမှု ပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်မှုအပြီးမှာတော့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယခင်ကထက် ပိုမိုနီးကပ်၊ ခိုင်မာလာခဲ့ပါတယ်။

“လက်စ်လေနဲ့ ကျွန်တော်တို့ရဲ့ ကျောက်ကပ်အစားထိုး ကုသမှုကို ဆီယက်တဲလ် (Seattle) မှာရှိတဲ့ Virginia Manson ဆေးရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ကျောက်ကပ်က လက်စ်လေရဲ့ ခန္ဓာကိုယ်ထဲ ကောင်းကောင်း အလုပ် လုပ်နေဖို့လည်း မျှော်လင့်ပါတယ်။ ခဏတစ်ဖြုတ်လောက် အခက်အခဲ ရှိကောင်းရှိဦးမှာ ဆိုပေမဲ့လည်းပေါ့” လို့ စတိဗ့်က ၎င်းတို့ ဇနီးမောင်နှံ နှစ်ဦး အနမ်းပေးနကြတဲ့ပုံနဲ့တကွ ဖေ့စ်ဘွတ်ခ်မှာ တင်ထားခဲ့ပါတယ်။

“ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုကို လှူဒါန်းလိုက်ရတာလေဗျာ။ ဒီလို လှူဒါန်းရတယ်ဆိုတာကလည်း လုံးဝကို အံ့ဩစရာကောင်းတဲ့ လက်ဆောင်တစ်ခုလိုပါပဲ။ အထူးသဖြင့် ခင်ပွန်းတစ်ယောက်အနေနဲ့ ကိုယ့်ဇနီးသည်အတွက် လှူပေးရတာကိုပေါ့” လို့ဆိုပြီး စတိဗ့်က ၎င်းရဲ့ post မှာ ရေးသားထားပါသေးတယ်။

“အစတုန်းကတော့ တစ်သားတည်းပေါ့လေ။ ခုတော့ ပိုလို့ကို တစ်သားတည်းဖြစ်သွားကြပါပြီ” လို့ သူတို့ဇနီးမောင်နှံက Fox ကိုပြောကြားခဲ့ပြီး “ဟုတ်ပါတယ်။ တစ်စုံတစ်ယောက်ဆီက ကျောက်ကပ်အလှူခံရတယ်ဆိုတာ တကယ်ကို မလွယ်ကူတဲ့ကိစ္စပါ” လို့ လက်စ်လေက ဆိုခဲ့ပါတယ်။

Ref: Dailymail “Washington man donates his kidney to his wife of 30 years old”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top