ကမ္ဘာ့တန်ဖိုးအကြီးဆုံး စာတစ်စောင်

card1.webp

ဗြိတိသျှကိုလိုနီ မောရစ်သျှနိုင်ငံမှ ဝိုင်ကုန်သည်တစ်ယောက်က သူ့ရဲ့စီးပွားဖက်တွေထံ ပေးပို့ခဲ့တဲ့ စာတစ်စောင်ဟာ တန်ကြေး အမေရိကန်ဒေါ်လာ ၅ သန်းကျော် ရှိမယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာ့တန်ဖိုး အကြီးဆုံးစာတစ်စောင်လို့ သတ်မှတ်ထားကြပါတယ်။

၁၈၄၇ ခုနှစ်၊ အောက်တိုဘာ ၄ ရက်မှာ ဝိုင်ကုန်သည် ဖရန်စစ် (Edward Francis) က ပြင်သစ်နိုင်ငံ၊ ဘော်ဒိုးမြို့မှာရှိတဲ့ ဝိုင်ချက်သူတွေထံ ” သူတို့ပို့လိုက်တဲ့ ဝိုင်စည် ၄၈ စည် လက်ခံရရှိပြီး ၃ ပုံ၊ ၁ ပုံလောက် ရောင်းချခဲ့ပြီးကြောင်း” စာရေးသား ပေးပို့ခဲ့တာပါ။ အဲဒီစာအိတ်ပေါ်မှာ အက်ဒဝပ်က “မောရစ်ရှ အပြာရောင်” (Mauritius Blue)နဲ့ “မောရစ်ရှ ပန်းရောင်” (Mauritius Pink) တံဆိပ်ခေါင်း ၂ လုံး ကပ်ခဲ့ပြီး ဒီနေ့အချိန်မှာ အဲဒီတံဆိပ်ခေါင်းတွေက ကမ္ဘာ့အရှားပါးဆုံး တံဆိပ်ခေါင်းတွေ ဖြစ်နေတာကြောင့်ပါပဲ။

၁၈၄၇ ခုနှစ်မှာ တံဆိပ်ခေါင်း ထွင်းထုသူတစ်ယောက်က ဝိတိုရိယဘုရင်မကြီးရဲ့ပုံဘေးမှာ “Post Paid” (စာပို့ခပေးပြီး) အစား “Post Office” (စာတိုက်) လို့ မှားယွင်းထွင်းထုခဲ့ပါတယ်။ အဲဒီအမှားကို မပြင်ခင်တံဆိပ်ခေါင်းအစောင်ရေ ၅၀၀ ရိုက်နှိပ်ရောင်းချခဲ့ပြီး ဒီနေ့အချိန်မှာ အပြာ ၁၂ စောင်နဲ့ ပန်းရောင် ၁၅ စောင် စုစုပေါင်း ၂၇ စောင်သာ ကျန်ရှိတော့တာကြောင့် တံဆိပ်ခေါင်း စုဆောင်းသူတွေကြား ရတနာလို တန်ဖိုးထားကြပါတယ်။

အဲဒီ “ဘော်ဒိုး စာအိတ်” ကို ၁၈၉၃ ခုနှစ်မှာ လေလံတင်ခဲ့ဖူးပြီး စင်ကာပူနိုင်ငံမှာ အမည်မဖော်လိုတဲ့ စုဆောင်းသူတစ်ဦးက လေလံအောင်မြင်ကာ ယနေ့အချိန်အထိ ဆက်လက်ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

Ref: The World’s Most Expensive Letter Is Surprisingly Boring

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top