အာဟာရချို့တဲ့လွန်းတာကြောင့် သီရီလင်္ကာက တီကီရီဆင်မကြီး သေဆုံး

yyl-016-9.jpg

အရင်က ရိုးရာလေးစာဖတ်ပရိသတ်တွေကို အသက် (၇၀) အရွယ် ဆင်မကြီးတီကီရီရဲ့သတင်းကို ဖော်ပြပေးခဲ့ဖူးပါတယ်။ တီကီရီက အရွယ်အိုနေတဲ့ထိတိုင်အောင် သီရိလင်္ကာနိုင်ငံ၊ ကန်ဒီအေသမှာ နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ အက်စာလာ ပီရာဟယ်ရာ ပွဲတော်မှာ ဖျော်ဖြေတင်ဆက်ပေးရပါတယ်။ အခုဆိုရင် အဲဒီဆင်မကြီးက အားနည်းချို့တဲ့လွန်းပြီး ပွဲတွေဆက်တိုက်ဖျော်ဖြေခဲ့ရပြီးတဲ့နောက်မှာ သေဆုံးသွားခဲ့တယ်လို့ စက်တင်ဘာ (၂၅) ရက်နေ့က သိရပါတယ်။

တီကီရီရဲ့အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ သီရိလင်္ကာနိုင်ငံအစိုးရက ညွှန်ကြားထားပါတယ်။ ဆင်ကျွမ်းကျင်သူ ဂျရမ်သာ ဂျရဝါဒီနီ (Jayantha Jayewardene) က ဆင်မကြီးက နှိပ်စက်ခံထားရဖြစ်တယ်လို့ ပြောပါတယ်။ “တီကီရီက အရမ်းအာဟာရချို့တဲ့နေတာပါ။ သူ ဒီလောက်အကြာကြီး အသက်ရှင်နိုင်တာ အံ့သြစရာပါပဲ” လို့ ပြောခဲ့ပါတယ်။

အားနည်းအိုမင်းနေတဲ့တိရစ္ဆာန်ကို ခိုင်းစားတယ်ဆိုပြီး လူမှုကွန်ယက်အသုံးပြုသူတွေက ပြောဆိုဝေဖန်ခဲ့တာကြောင့် ပြီးခဲ့တဲ့လက ပွဲတော်ရဲ့နောက်ဆုံးရက်မှာ တီကီရီကို ထုတ်ပယ်ခဲ့ပါတယ်။ တိရစ္ဆာန်ချစ်သူတွေကလည်း တီကီရီကို လေးလံတဲ့အဆင်တန်ဆာတွေ ဆင်ယင်ပြီး ကီလိုမီတာများစွာလမ်းလျှောက်ဖျော်ဖြေစေခဲ့တဲ့အတွက် အပြင်းအထန်ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

Save Elephant Foundation တည်ထောင်သူ လက်ခ် ချိုင်လပ်တ် (Lek Chailert) က တီကီရီ အားနည်းနေတာကို သူ့ရဲ့အဆင်တန်ဆာတွေကြောင့် ပွဲကြည့်ပရိသတ်တွေက မသိခဲ့ရဘူးလို့ လူမှုကွန်ယက်အကောင့်မှာ ရေးသားခဲ့ပါတယ်။

တီကီရီဆင်မကြီးနဲ့ ပတ်သက်ပြီး ပြည်သူတွေအုတ်အုတ်သောင်းသောင်းဖြစ်ပြီးတဲ့နောက်မှာ တောရိုင်းတိရစ္ဆာန်ဝန်ကြီး ဂျွန် အာမာရာထွန်ဂါ (John Amaratunga) က တီကီရီကို ကျန်းမာရေးမကောင်းလျက်နဲ့ ဘာလို့ ပွဲတော်မှာ ဖျော်ဖြေစေခဲ့လဲဆိုတာကို စုံစမ်းစစ်ဆေးဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးတဲ့ရလဒ်ကတော့ ထွက်ရှိမလာသေးပါဘူး။

ချမ်းသာတဲ့သီရိလင်္ကာလူမျိုးတော်တော်များများက ဆင်တွေကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ ထိန်းသိမ်းထားကြပါတယ်။ ဒါပေမဲ့ ဆင်တွေကို အကြင်နာတရားကင်းမဲ့စွာနဲ့ နှိပ်စက်တာကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။

Ref: AsiaOne “Skeletal elephant dies in Sri Lanka weeks after parade outcry”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top