အာဖရိကန်လူမျိုးစုတစ်ခုဆိမှ အံ့ဩဖွယ်ရာကောင်းတဲ့ ပျော်ရွှင်အောင်နေနည်း သင်ခန်းစာ

photo-1459183885421-5cc683b8dbba-700x467.jpg

ကျွန်တော်တို့အားလုံးဟာ ပျော်ရွှင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ သင်ယူချင်ကြပါတယ်။ တစ်ခါတစ်လေ အဖြေက အံ့အားသင့်စရာနေရာကနေ ရောက်လာနိုင်ပါတယ်။

ပုံပြင်လေးတစ်ပုဒ် ပြောပြပါရစေ…

တစ်ခါတုန်းက ပြောင်းရွေ့နေထိုင်တဲ့ အာဖရိကန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ ကျက်စားမှုတို့ကိုလေ့လာတဲ့ မနုဿဗေဒပညာရှင် တစ်ဦးရှိခဲ့တယ်။ သူဟာ အဲ့ဒီရွာမှာ အတော်ကြာ အလုပ်လုပ်ခဲ့ပြီးတော့ အိမ်မပြန်ခင်တစ်ရက်မှာ အဲ့ဒီဒေသတစ်ဝိုက်မှာရှိတဲ့ အရသာရှိတဲ့ အသီးအနှံတွေကို ထုပ်ပိုးပြီးတော့ လက်ဆောင်ခြင်းထဲကို ထည့်လိုက်ပါတယ်။ အဲ့ဒီခြင်းကို သစ်ပင်တစ်ပင်ရဲ့ အောက်မှာချထားပြီးတော့ အဲ့ဒီရွာမှာရှိတဲ့ ကလေးတွေကို စုလိုက်တယ်။

သူဟာ မြေကြီးပေါ်မှာ မျဉ်းတစ်ကြောင်းဆွဲပြီးတဲ့အခါမှာ ကလေးတွေကိုကြည့်ပြီးတော့ ပြောလိုက်တယ်။ “ ဦးက ပြေးလို့ပြောလိုက်တာနဲ့ ဒီသစ်ပင်ထိ ရောက်အောင်ပြေးပါ။ အရင်ရောက်တဲ့သူက ဒီသစ်သီးလက်ဆောင်ခြင်းကို ရမယ်” လို့ ပြောလိုက်တယ်။ သူက ပြေးလို့ပြောလိုက်တဲ့အခါမှာ ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီးတော့ တစ်ယောက်လက် တစ်ယောက်ကိုင်ပြီးတော့ သစ်ပင်ဆီကို ပြေးလာခဲ့ပါတယ်။ ပြီးတော့ သစ်ပင်ပတ်လည်မှာ ထိုင်ပြီးတော့ သစ်သီးကို တူတူခွဲဝေ စားသောက်ကြပါတယ်။

အဲ့ဒီမနုဿ ဗေဒပညာရှင်က အရမ်းကိုအံ့ဩသွားပြီးတော့ “မင်းတို့ထဲက တစ်ယောက်က အမြန်ပြေးသွားပြီး သစ်သီးခြင်းကို တစ်ယောက်ထဲ ရသွားနိုင်ရဲ့သားနဲ့ ဘာလို့ အတူတူပြေးသွားကြတာလဲ” လို့ မေးလိုက်တယ်။ အဲ့ဒီအခါမှာ ကောင်မလေးတစ်ယောက်က “တစ်ခြားသူတွေ ဝမ်းနည်းနေတာကိုကြည့်ပြီး ဘယ်လို လုပ်တစ်ယောက်ထဲ ပျော်နိုင်မှာလဲ” လို့ ပြန်မေးလိုက်ပါတယ်။

ရိုးရာလေးပရိတ်သတ်တွေကကော ကောင်မလေးရဲ့အဖြေကို ဘယ်လိုပြန်ဖြေကြမှာလဲ။

Ref: Jamesclear : How to Be Happy: A Surprising Lesson on Happiness From an African Tribe

ကျေးကျေး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top