လာဘ်စားတယ်ဆိုတဲ့စွပ်စွဲချက်အရ ရဲတွေကအိမ်လာဖမ်းချိန်မှာ ပီရူးသမ္မတဟောင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

57195229_2336129866417920_7158129328876683264_n.jpg

လာဘ်စားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် သူ့အိမ်ကို ရဲတွေ လာဖမ်းချိန်မှာ ပီရူးသမ္မတဟောင်း ဂါစီယာက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။ ဂါစီယာဟာ ၁၉၈၅ ခုနှစ်ကနေ ၁၉၉၀ ပြည့်နှစ်အထိ တစ်ကြိမ်၊ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တစ်ကြိမ် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူဟာ ဘရာဇီးနိုင်ငံ ဆောက်လုပ်ရေးကုမ္ပဏီ Odebrecht ထံကနေ လာဘ်စားခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

ဒါပေမဲ့ အဲဒီစွဲချက်တွေကို ဂါစီယာက ငြင်းဆန်ထားပါတယ်။ ရဲတွေ သူ့အိမ်ရောက်လာချိန်မှာ ဂါစီယာက ဖုန်းပြောမယ်ဆိုပြီး အခန်းထဲဝင်သွားပါတယ်။ အခန်းထဲကနေ လော့ချထားခဲ့ပြီး မိနစ်ပိုင်းအကြာမှာ သေနတ်သံထွက်ပေါ်လာတာပါ။ ရဲတွေက တံခါးဖျက်ပြီး အခန်းထဲဝင်ကြည့်တော့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာရထားတဲ့ ဂါစီယာကို တွေ့ခဲ့ကြပါတယ်။ သူ့ကို လီမာမြို့က ဆေးရုံတင်ပို့ပြီး အရေးပေါ်ခွဲစိတ်မှုလုပ်ခဲ့ကြပါတယ်။

နှလုံးဖောက်လာလို့ သတိပြန်လည်လာအောင် (၃) ကြိမ်၊ (၃) ခါ လုပ်ခဲ့ရပေမဲ့ နောက်ဆုံးမှာတော့ သေနတ်ဒဏ်ရာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဂါစီယာရဲ့အိမ်မှာ ပီရူးစစ်တပ်က လက်ဆောင်ပေးထားတဲ့ သေနတ်တွေရှိနေပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရာမှာအသုံးပြုခဲ့တဲ့သေနတ်ကလည်း လက်ဆောင်ရခဲ့တဲ့သေနတ်တစ်လက်လို့ သူ့ရဲ့ကိုယ်ရေးအရာရှိက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top