တီထွင်ဉာဏ်ကွန့်မြူးတဲ့ လုပ်ငန်းစဉ်အဆင့် (၅) ဆင့်

yyl-article-02.jpg

၁၉၄၀ ခုနှစ်မှာ James Webb Young ဆိုတဲ့ ကြော်ငြာလုပ်ငန်းအလုပ်အမှုဆောင်အရာရှိက တီထွင်ဆန်းသစ်တဲ့ အတွေးအမြင်တွေရရှိဖို့တွက် အောက်ပါအဆင့် (၅)ချက်ကို ဖြတ်ကျော်ဖို့ လိုတယ်ဆိုတာကို ဖော်ပြထားပါတယ်။

Yong အနေနဲ့က ထီထွင်ဆန်းသစ်တဲ့ဉာဏ်ဆိုရာမှာ ဘာမှမရှိတဲ့နေရာကနေ တစ်ခုခုရအောင်ဖန်တီးလိုက်တာချည်းပဲမဟုတ်ဘဲနဲ့ အရင်ရှိပြီးသားအရာတွေရဲ့ အပိုင်းအစတွေကို ဆက်ပြီးတော့ ဘယ်တုန်းကမှမရှိခဲ့တဲ့အရာတွေကို ဖန်တီးလိုက်တာလည်းပါဝင်ပါတယ်။

အဆင့် (၁) – အရင်းအမြစ်တွေကို စုဆောင်းပါ။ ပထမဦးဆုံးနေနဲ့ သင်ဟာ သင်ယူရပါမယ်။ ဒီအဆင့်မှာ သင့်အနေနဲ့ (၁) သင့်အလုပ်နဲ့ပတ်သက်ပြီးတော့ အသေးစိတ်ကျတဲ့အရာတွေကို တိုက်ရိုက်သင်ယူရပါမယ်။ (၂) ကျယ်ပြန့်တဲ့ ယူဆချက်တွေနဲ့ ပိုပြီးစွဲသွားစေအောင် ယေဘုယျအရင်းအမြစ်အကြောင်းအရာတွေကိုလည်း သင်ယူရပါမယ်။

အဆင့် (၂) – သင့်ခေါင်းထဲမှာရှိတဲ့ အရင်းအမြစ်အကြောင်းအရာတွေနဲ့ တောက်လျှောက်လုပ်ကြည့်ပါ။ ဒီအဆင့်မှာတော့ သင် သင်ယူခဲ့တဲ့ အကြောင်းအရာတွေကို မတူညီတဲ့အတွေးအခေါ်တွေကို ချိန်ညှိပြီး ဆက်စပ်မိသွားအောင်လုပ်တဲ့ အတွေ့အကြုံကိုခံစားပြီး မတူညီတဲ့ရှုထောင့်ကနေ ကြည့်ခြင်းနဲ့ ပြန်လည်စစ်ဆေးနိုင်ပါတယ်။

အဆင့် (၃) – ပြဿနာတွေကနေ ရှောင်ထွက်လာခဲ့ပါ။ နောက်တစ်ဆင့်အနေနဲ့ သင့်ကိုယ်သင် ပြဿ နာတွေကနေ လုံးလုံးမြှုပ်နေမယ်အစား သင့်ရဲ့စိတ်ကို ထွက်ခွင့်ပေးလိုက်ပြီးတော့ သင့်ကို စိတ်လှုပ်ရှားစေပြီး ခွန်အားဖြစ်စေတဲ့အလုပ်တွေကို လုပ်လိုက်ပါ။

အဆင့် (၄) – သင့်ရဲ့ စိတ်ကူးတွေကို သင့်ဆီပြန်လာခွင့်ပေးလိုက်ပါ။ တချို့အချိန်တွေမှာသင်ဟာ တွေးတောနေတာတွေကို ရပ်လိုက်ပြီးတော့ သင့်ဆီအတွေးအမြင်တွေ လှည့်ဝင်လာတာကိုစောင့်ပြီး စိတ်ကူးအသစ်၊ အင်အားအသစ်နဲ့ ဖန်တီးလိုက်ပါ။ သင်ဟာ အမြဲတွေးတောနေပြီး စိတ်ပင်ပန်းခံနေစရာမလိုပါဘူး။

အဆင့် (၅) – ပြန်လည်တုံ့ပြန်မှုတွေအပေါ်အခြေပြုပြီးတော့ သင့်ရဲ့စိတ်ကူးအသစ်ကို ပုံဖော်တိုးတက်စေပါ။ အောင်မြင်တဲ့ဘယ်အတွေးမဆို ကမ္ဘာကိုချပြဖို့လိုပါတယ်။ ပြီးတော့ ဝေဖန်မှုတွေကိုလက်ခံပြီး လိုအပ်သလိုလိုက်လျောညီထွေဖြစ်အောင် ဖန်တီးဖို့လိုအပ်ပါတယ်။

ဒီအဆင့် (၅)ဆင့်ဟာ သင့်မှာ တီထွင်ဉာဏ်ကွန့်မြူးတဲ့ စိတ်ကူးစိတ်သန်းတစ်ခုရရှိဖို့ ဖြတ်ကျော်လုပ်ဆောင်ရမယ့် အဆင့်တွေဖြစ်ပြီး ရိုးရာလေးပရိတ်သတ်တွေအတွက်လည်း အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

Ref: Jamesclear:Five step creative process
ကျေးကျေး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top