လက်ဗွေလုံခြုံရေးစနစ်မှာအားနည်းချက် ကြီးကြီးမားမားရှိနေတဲ့ Samsung ရဲ့Galaxy S10

yyl-18-047.jpg

Samsung Galaxy S10 စမတ်ဖုန်းကလက်ဗွေလုံခြုံရေးစနစ်မှာ ချွတ်ယွင်းချက်ရှိ‌‌ေန‌တာကို သုံးစွဲသူတစ်ဦးက ကိုယ့်‌ေတွ့ ကြုံခဲ့ရပြီတဲ့‌ေနာက် အဲဒီအားနည်းချက်ကို ပြန်ပြင်‌ဆင်‌ ပေးနိုင်မယ့်ဆော့ဖ်ဝဲတစ်ခု အမြန်ဆုံး ဖန်တီး‌‌ေပးသွားမယ်လို့ Samsung က ထုတ်ပြန်‌ေကြညာ လိုက်ပါတယ်။လီဆာ နီလ်ဆင် (Lisa Neilson) ဆိုတဲ့ ဗြိတိန်အမျိုးသမီး တစ်ဦးဟာ သူ့ရဲ့ Samsung Galaxy S10 စမတ်ဖုန်းမှာကပ်ဖို့ (၂.၇) ‌ေပါင်တန် Screen Protector (မှန်ကပ်) တစ်ခုကို ebay ကနေ ဝယ်သုံးခဲ့ပြီး ခင်ပွန်းသည်ရဲ့လက်ဗွေရာတွေနဲ့လည်း သူ့ဖုန်းကို ဖွင့်လို့ရ‌ေန‌ေကြာင်းသိလိုက်ရတဲ့အတွက် Galaxy S10 စမတ်ဖုန်းရဲ့ ချွတ်ယွင်းချက်ကို မထင်မှတ်ဘဲ ဖော်ထုတ်နိုင်ခဲ့တာပါ။

လီဆာက သူရဲ့ ဘယ်ဘက်မလက်‌ေဗွကို လုံခြုံရေးစနစ် အတွက်မသုံးထားခဲ့ပေမဲ့ အဲဒီလက်ဗွေရာနဲ့လည်း ဖွင့်လို့ရမှန်းသိခဲ့ရတာကြောင့် ခင်ပွန်းဖြစ်သူရဲ့ လက်မ လက်ဗွေတွေနဲ့ပါ စမ်းသပ် ဖွင့်ကြည့်စေခဲ့တာပါ။ ဒါ့အပြင် သူတို့သုံးခဲ့တဲ့ မှန်ကပ်ကို ဆွေမျိုးသားချင်းတစ်ဦးရဲ့ Galaxy S10 စမတ်ဖုန်းမှာကပ်ပြီး ထပ်စမ်းသပ်ရာကြည့်ချိန်မှာလည်း အလားတူပဲကြုံရတဲ့အတွက် ဒါဟာ အရေးကြီးတဲ့ လုံခြုံ‌ေရးပိုင်းပြဿနာဖြစ်တယ်လို့ သတိပြုမိခဲ့ကြတာ ဖြစ်ပါတယ်။

ဖုန်းမျက်နှာပြင်ပေါ်တင်လိုက်တဲ့ လက်ဗွေရာက ဖုန်းပိုင်ရှင်ရဲ့ လက်ဗွေအစစ် ဟုတ် ၊မဟုတ် တိုက်ဆိုက်စစ်‌ေဆး အသိအမှတ်ပြု‌တဲ့‌ေနရာမှာ လုံခြုံရေးစနစ်ရဲ့ ပုံရိပ်ဖတ်ကိရိယာက နှုန်းလွန်အသံတွေပို့လွှတ်အာရုံခံပြီး ဆုံးဖြတ်‌ေပးတာဖြစ်ပါတယ်။ Samsung Galaxy S10 စမတ်ဖုန်းရဲ့ လက်ဗွေဖတ်လုံခြုံ‌ေရးစနစ် အတွက်ကို‌ေတာ့ အဆင့်မြင့်နည်းပညာတွေသုံးပြီး ပြောင်းလဲဆန်းသစ်‌ေပးထားလို့ လက်ဗေွလုံခြုံ‌ေရးစနစ်ကို တစ်ခေတ်ဆန်းစေမယ် လို့တောင် Samsung က စတင်မိတ်ဆက်စဥ်က ကြုံးဝါးထာ းတာပါ။

ကျွမ်းကျင်သူတွေကတော့ တချို့မှန်ကပ်အမျိုးအစားတွေဟာ ဖုန်းမျက်နှာပြင်မှန်သားနဲ့ မှန်ကပ်အလွှာတို့ရဲ့ကြားမှာ လေခို‌ တာမျိုးဖြစ်တတ်တာကြောင့် Samsung ဖုန်းတွေမှာပါတဲ့ အာရုံခံစနစ်နဲ့ကိုက်ညီမှုမရှိ‌ဘူး လို့ အခုကိစ္စမဖြစ်လာသေးခင် အချိန်တုန်းက အကြံပြုခဲ့ကြဖူး‌တယ်လို့လည်း သိရပါတယ်။

Ref: BBC “Any fingerprint unlocks Galaxy S10, Samsung warns”
Lynn This (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top