ပွဲကြို နောက်ဆုံးစာနယ်ဇင်းရှင်းလင်းပွဲမှာ ဒီယွန်တေးဝှိုက်ဒါနဲ့ တိုင်ဆန်ဖျူရီ တွန်းထိုးတိုက်ခိုက်

yyl-027-11.jpg

လက်ဝှေ့ပွဲမတိုင်ခင် နောက်ဆုံးလုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ဒီယွန်တေးဝှိုက်ဒါနဲ့ တိုင်ဆန်ဖျူရီတို့ အပြန်အလှန် တွန်းထိုးတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အပြန်အလှန် ခြိမ်းခြောက်တာ၊ ဆဲရေးတာမျိုးလုပ်ခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် ချေမှုန်းပစ်မယ်လို့ ကြုံးဝါးခဲ့ကြပါတယ်။ မျက်မှန်အနက်၊ ဦးထုပ်အနက်၊ အဖြူရောင်ဂျက်ကက် ဝတ်ဆင်ထားတဲ့ တိုင်ဆန်ဖျူရီက ဓာတ်ပုံဆရာတွေကို နောက်ဆုတ်ခိုင်းခဲ့ပြီး “ခင်ဗျားတို့ဆီကနေ အအေးမိ၊ တုပ်ကွေးရောဂါ ကူးစက်မခံချင်ဘူး’’လို့ ပြောခဲ့ပါတယ်။

“မင်း ထိုးချင်တယ်ဆိုရင် အခုချက်ချင်း မင်းကို ငါ စင်ပေါ်မှာ မှောက်သိပ်ပစ်မယ်’’လို့ တိုင်ဆန်ဖျူရီက ပြောခဲ့ပါတယ်။ “မင်းကို ငါတွေ့တုန်းက မင်း ကိုကင်းစွဲနေတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံနေတာလေ။ အဲဒီတော့ မင်းက ငါ့ကို လက်ဝှေ့လောကမှာ ကြီးကျယ်ခမ်းနားလာအောင် လုပ်ပေးခဲ့တယ်ဆိုတဲ့ စကားမျိုး ဘယ်တော့မှ လာမပြောနဲ့။ မင်းကို ငါက လူသိထင်ရှားဖြစ်အောင် လုပ်ပေးခဲ့တာ’’လို့ ဒီယွန်တေးဝှိုက်ဒါက ပြောပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၈ ခုနှစ်တုန်းက ထိုးသတ်ခဲ့တဲ့ ပွဲစဉ်မှာ အငြင်းပွားဖွယ် သရေဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကျရင် လက်စ်ဗီးဂတ်မြို့မှာ စိတ်မကျေပွဲထိုးသတ်မှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top