ကိုယ်တိုင်လုပ် ရေငုပ်သင်္ဘောငယ်ပေါ်ကနေ မူးယစ်ဆေးဝါး အလေးချိန်(၅)တန် သိမ်းဆည်းရမိ

yyl-026-9.jpg

ပနားမားနိုင်ငံ အနောက်မြောက်ဘက်မှာ အသေးစား ရေငုပ်ယာဉ်တစ်စင်းပေါ် တင်ဆောင်လာတဲ့ အလေးချိန် ၅ တန်ရှိ မူးယစ်ဆေးဝါးတွေကို ပနားမားရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။ ကိုယ်တိုင်ဖန်တီးထားတဲ့ အသေးစားရေငုပ်ယာဉ်ပေါ် လိုက်ပါလာတဲ့ ကိုလံဘီယာနိုင်ငံသား ၄ ယောက်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ တရားမဝင် မူးယစ်ဆေးဝါးတွေကို ဘယ်ကနေ တင်ဆောင်လာတယ်၊ ဘယ်ကို တင်ပို့မယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ မူးယစ်ဆေးဝါး သယ်ဆောင်လာလို့ ပနားမားနိုင်ငံအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့တဲ့ အသေးစားရေငုပ်ယာဉ်တွေထဲမှာ အခုဖမ်းဆီးရမိခဲ့တဲ့ ရေငုပ်ယာဉ်ကတော့ ကိုယ်တိုင်လုပ်ထားတဲ့ ပထမဆုံးယာဉ် ဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top