အစာစားနေတုန်း ရေသောက်ရင် အစာအိမ်အချဉ်ဓာတ်ကို လျော့စေပြီး အစာမချေတော့ပါဘူးတဲ့.. ပိုဝလာမယ်တဲ့.. ဒါဆို လူတွေပြောနေကြတဲ့ ဒီအချက်တွေကို မှန် မမှန် စစ်ဆေးကြည့်ရအောင်ပါ။
အရင်ဆုံး လူ႔အစာအိမ်ရဲ့ အစာချေဖျက်စနစ်ပုံစံကို ပြောပြပါမယ်။ အစာကိုဝါးလိုက်ပြီဆိုတာနဲ့ ခံတွင်းထဲက တံတွေးဂလင်းတွေကနေ တံတွေးရည်တွေ ထုတ်ပေးပြီး အစာကို ပျော့ညက်စေပါတယ်။ ဒီတံတွေးရည်မှာ အစာခြေဖို့အတွက် ထိရောက်စေတဲ့ အင်ဇိုင်းတွေပါဝင်တယ်။ ကျေညက်သွားတဲ့ အစာဟာ အစာအိမ်ထဲကို ရောက်ပြီး အက်ဆစ်ရည်နဲ့ ထပ်ပြီးရောနှောသွားပြန်္တယ်။ ဒီအစာကို အရည်ဖြစ်အောင် ချေဖျက်ဖို့ အစာအိမ်က လေးနာရီကြာ အချိန်ယူရပါတယ်။ ချေဖျက်ပြီးအစာတွေ အူလမ်းကြောင်းထဲရောက်ချိန်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်ကို ထုတ်ပေးပါတယ်။
ရေကတော့ ဒီလိုမဟုတ်ပါဘူး။ ရေ ၁၀ အောင်စ ပမာဏဟာ အစာအိမ်ထဲမှာ ၁၀ မိနစ်ထက် ပိုမနေပါဘူး။ ဒါကြောင့် အစာစားနေတုန်း ရေသောက်တာဟာ အစာအိမ်ထဲမှာ ရေလှောင်ကန်ကြီးလို ဖြစ်မသွားစေပါဘူး။ ရေက ဝါးထားတဲ့အစာတွေကို လျင်လျင်မြန်မြန်ပဲ ဖြတ်ပြီး အစာအိမ်ဆီကို ရောက်သွားမယ်။ ရေဓာတ်ဖြည့်ပေးပြီး အစာအိမ်ကနေ ချက်ချင်းထွက်ပါတယ်။
ကျွန်တော်တို့ရဲ့ အစာအိမ်ထဲက အက်ဆစ်ဓာတ်ဟာ ရေသောက်တာကြောင့် အစာချေဖျက်ပေးဖို့ အက်ဆစ်ဓာတ်လျော့သွားတယ် ဆိုတာမျိုးလည်း မရှိပါဘူး။ အစာအိမ်က သူ့အကြောင်း သူသိပါတယ်။ အစာတစ်ခုခုကို ချေဖျက်ဖို့ခက်လာရင် အင်ဇိုင်းတွေ ပိုထုတ်တယ်။ အက်ဆစ်ဓာတ်ကို ပိုထုတ်တယ်။ ဒါက အလိုအလျောက်စနစ်ပါပဲ။သဘောကတော့ ရေဂါလံဝက်လောက်သောက်လည်း အစာခြေဖို့အက်ဆစ်ဓာတ် မလျော့သွားပါဘူး။ ဒါကြောင့် ရေမှာ အစာချေဖျက်နှုန်းကို နှေးကွေးစေတဲ့ သက်ရောက်မှုရှိမနေပါဘူး။
ဒါကြောင့် ဆောင်းပါးခေါင်းစဉ်က မေးခွန်းအတွက် အဖြေကတော့ အစာစားနေစဉ် ရေကိုသောက်လို့ရပါတယ်တဲ့ ခင်ဗျ။ ဘာဆိုးကျိုးမှ မဖြစ်နိုင်ပါဘူး။ တစ်ခုပါပဲ။ ဝါးနေတဲ့အစာကို မျိုချပြီးနောက်မှသာ ရေကိုသောက်ရမှာပါ။ အစာအိမ်ဆီသွားမယ့် အစာထဲမှာ တံတွေးနဲ့ အင်ဇိုင်းဓာတ် အလုံအလောက်ပါသွားဖို့ လိုအပ်တာကြောင့်ဖြစ်ပါတယ်။
ကောင်းကျိုးတစ်ခုရှိတာက အစာစားနေစဉ် အချိန် ခြားခြားပြီး ရေသောက်ပေးရင် အစာစားချင်စိတ်ကို လျော့နည်းစေပြီး ဝိတ်ချနေတဲ့သူတွေအတွက်ဆို အဆင်ပြေစေမှာပါ။ အစာစားရင်း လက်ဖက်ရည်သောက်တာဟာလည်း ရေသောက်တာနဲ့ သဘောချင်းအတူတူပါပဲ….. ဘာပြဿနာမှ မရှိနိုင်ဘူးလို့ ဆိုထားပါတယ်။
Ref: brightside.me “Can we drink while we eat?”
AI (ရိုးရာလေး)