ဘယ်လိုလူတွေက ကားမောင်းရင်းအာရုံများတတ်ကြလဲ

distracted-driving.jpg

အမြန်လမ်းမှာကားမောင်းနေတုန်း ဖုန်းမက်ဆေ့ခ်ျပို့ဖို့ စိတ်ဆန္ဒပြင်းပြနေလား?
ဒီလို အန္တရာယ်များတဲ့လုပ်ရပ်ကို ဘယ်လိုလူတွေ လုပ်လေ့ရှိလဲဆိုတာကို လိင်အမျိုးအစားနဲ့ ပင်ကိုယ်စရိုက်ပေါ်အခြေခံပြီး စိတ်ပညာရှင်တွေက ကောင်းကောင်း ခန့်မှန်းနိုင်ပါတယ်။

အာရုံများပြီးကားမောင်းသော်လည်း ဒဏ်ကြေးပဲဆောင်လိုက်ရလို့ ကိုယ့်ကိုကိုယ် ကံကောင်းတယ်ထင်မိကြမှာပါ။ ဒါပေမဲ့ ဒီလိုမျိုးလုပ်ရပ်ကြောင့် နှစ်စဉ်ကား မတော်တဆဖြစ်မှုကြောင့် နဲ့ လူတစ်သန်းကျော်သေပြီး ထိခိုက်ဒဏ်ရာကြီးကြီးမားမားရသူတွေ သန်း ၂၀ နဲ့ ၅၀ ကြားရှိတယ်ဆိုတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အစီရင်ခံစာ ကိုသာတွေ့ရင် သင်ဒီလိုအာရုံများရဲမှာတောင်မဟုတ်ပါဘူး။

ကားအက်ဆီးဒင့်ဖြစ်ရတဲ့ ထိပ်သီးအကြောင်းရင်းနှစ်ခုမှာအာရုံများပြီး ကားမောင်းခြင်း ကလည်းတစ်ခုအပါအဝင်ပါ။ အခုဆိုရင် နော်ဝေ သုတေသနပညာရှင်တွေက ဒီလိုအန္တရာယ်များတဲ့လုပ်ရပ် ကိုလုပ်လေ့ရှိတဲ့လူတွေရဲ့ ပင်ကိုယ်စရိုက်ကိုတွေ့ရှိခဲ့ပါတယ်။ မိုဘိုင်းဖုန်းအသုံးပြုတဲ့ယာဉ်မောင်းတွေက မသုံးတဲ့ယာဉ်မောင်းတွေထက် အက်ဆီးဒင့်ဖြစ်နိုင်ချေ ၄ ဆနီးပါးပိုများကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ) ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဘရိတ်အသုံးပြုရမယ့်အချိန်တွေနှင့် မီးပွိုင့်နားနီးတဲ့အချိန်တွေမှာဖုန်းသုံးတာက လမ်းကြောင်းမှန်မှန်မောင်းဖို့ခက်ခဲစေပြီး မှန်ကန်တဲ့အကွာအဝေးမချိန်ဆနိုင်တော့ပါဘူး။

အာရုံများတဲ့မောင်းနှင်ခြင်းနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေတော့သိပ်မရှိပါဘူး။ ဘယ်လိုလူမျိုးတွေကအာရုံများတတ်တဲ့လူတွေဆိုတာသုတေသနလုပ်တာက ဒါကိုလျှော့ချပေးဖို့အပြောင်းအလဲကြီးဖြစ်သွားစေမယ့် ပထမခြေလှမ်း ပါ။ ဒီလိုမျိုးသုတေသနလုပ်ဖို့ဆိုရင်လူဦးရေစာရင်း သဘောထား ပင်ကိုယ်စရိုက်တွေကိုပါထည့်သွင်းစဉ်းစားရပါမယ်။ သုတေသနပညာရှင်တွေက နော်ဝေလူမျိုး  လူငယ် ၁၅ဝဝ ကိုစစ်တမ်းကောက်ခဲ့ပါတယ်။ တွက်ချက်မှုတွေအများကြီးလုပ်ပြီးချိန်မှာတွေ့ရှိရတာက ငယ်ရွယ်တဲ့အမျိုးသားတွေကပိုပြီးအာရုံများပါတယ်တဲ့။ သူတို့ တွေ့ရှိခဲ့ကြတာကတော့
၁။  ငယ်ရွယ်တဲ့အမျိုးသား
၂။ မကြာခဏကားမောင်းသူတွေ
၃။ ကြောက်တတ်တဲ့လူတွေ
၄။ ဘွင်းဘွင်းပျော်ပျော်နေတတ်တဲ့သူတွေ
၅။ အာရုံများတာလောက်ကတော့လူတိုင်းလက်ခံနိုင်တယ်ဆိုသူတွေ
၆။ အာရုံများလည်းကားမောင်းလို့ရတယ်ဆိုသူတွေက ကားမောင်းရင်း အာရုံများတတ်ကြတယ် လို့တွေ့ရှိခဲ့ကြပါတယ်။

ဒီလိုလူအမျိုးအစားတွေကိုဦးတည်ပြီးထိရောက်တဲ့ တားမြစ်မှုတွေ လုပ်ဖို့ သုတေသနပညာရှင်တွေအနေနဲ့ မစွမ်းဆောင်နိုင်ပေမဲ့ ဒီလိုမျိုးအာရုံများပြီး မောင်းနှင်တာနဲ့ ပတ်သက်တဲ့ဆိုးကျိုးတွေအကြောင်း ခဏခဏဖော်ထုတ်ပေးတာက သူတို့မျှော်မှန်းချက်ထားတဲ့ ပန်းတိုင်ကိုရောက်စေမယ့် နည်းလမ်းပါပဲ။

Ref : Rd : Distracted Drivers

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top