Copy၊ Paste၊ Cut လုပ်ဆောင်ချက်တွေ တီထွင်ပေးခဲ့သူ ကွယ်လွန်

yyl-031-9.jpg

ကွန်ပျူတာပဲသုံးသုံး၊ ဖုန်းပဲသုံးသုံး copy၊ paste၊ cut စတဲ့ လုပ်ဆောင်ချက်တွေနဲ့ မကင်းကြပါဘူး။ copy၊ paste၊ cut စတဲ့ လုပ်ဆောင်ချက်တွေကို တီထွင်ပေးခဲ့သူကတော့ လာရီတက်စ်လာ(Larry Tesla)ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်က နယူးယော့ခ်မြို့မှာ မွေးဖွားခဲ့တဲ့ လာရီတက်စ်လာဟာ စတန်းဖို့ဒ်တက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံပညာရပ် သင်ယူခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်မှာတော့ မှတ်ဉာဏ်တုသုတေသနကို လေ့လာလိုက်စားခဲ့ပြီး ၁၉၇၃ ခုနှစ်မှာတော့ Xerox Palo Alto Research Center (PARC) မှာ အလုပ်လုပ်ခဲ့ပါတယ်။

PARC ဟာ mouse နဲ့ စေခိုင်းလို့ရတဲ့ Graphic user interface(GUI)ကို တီထွင်ခဲ့လို့ နာမည်ကျော်ကြားခဲ့ပါတယ်။ PARC မှာ အလုပ်လုပ်ခဲ့တဲ့အချိန်အတွင်း တင်မော့(Tim Mott)နဲ့ ပူးပေါင်းပြီး copy၊ paste၊ cut လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ Gypsy အမည်ရ word processor (ဥပမာ Microsoft word လို ဆော့ဖ်ဝဲမျိုး)ကို တီထွင်ခဲ့တာပါ။ သူတို့ရဲ့တီထွင်မှုက ကွန်ပျူတာ၊ ဖုန်း အသုံးပြုသူတွေကို အများကြီး အဆင်ပြေလွယ်ကူစေခဲ့ပါတယ်။

အဲဒီနောက်မှာ Apple ၊ Amazon၊ yahoo စတဲ့ ကမ္ဘာကျော်ကုမ္ပဏီတွေမှာ အလုပ်လုပ်ခဲ့တဲ့ လာရီတက်စ်လာဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ်ရှိပါပြီ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top