ဆောင်းရာသီမှာ သားသားမီးမီးတွေကို ဒီအစားအစာတွေ မကျွေးပါနဲ့

11-12-2020-yyl-039.jpg

ဆောင်းရာသီမှာဆိုရင် ကလေးငယ်တွေက လည်ချောင်းနာ၊ အအေးမိဖျားနာတာ၊ တုပ်ကွေးရောဂါ၊ အစာအိမ်နာတာ၊ အသားရေပြဿနာနဲ့ ရင်ကျပ်တာလို့ ဖျားနာမှုတွေ ပိုပြီးအဖြစ်များကြပါတယ်။ မိဘတွေက ဒီလိုရာသီမျိုးမှာ သားသားမီးမီးတွေ ဖျားနာမှုတွေမဖြစ်အောင် သေချာဂရုစိုက်ပေးဖို့လိုပါတယ်။ ဒါကြောင့် ကလေးတွေကို အစားအစာမှန်မှန်ကျွေးဖို့၊ ရေဓာတ်ပြည့်ဝစေဖို့၊ ကောင်းကောင်းအနားယူစေဖို့ အရေးကြီးပါတယ်။ ဆောင်းရာသီမှာ ကလေးတွေကို အောက်မှာ ဖော်ပြပေးထားတဲ့ အစားအစာတွေကို မကျွေးမိစေပါနဲ့နော်။

ဆားများပြီး အဆီများတဲ့အစားအစာတွေ

ထောပတ်လို တိရစ္ဆာန်တွေဆီကရတဲ့ အဆီများတဲ့အစားအစာတွေက ကလေးရဲ့ချွဲသလိပ်၊ တံတွေးတွေကို ပျစ်လာစေနိုင်ပြီး ချွဲသလိပ်ကပ်ကာ ရင်ကျပ်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ အဆီများတဲ့အစားအစာတွေကို မကျွေးတာအကောင်းဆုံးပါပဲ။ အခုရာသီမှာ ဟင်းချက်ရင်လည်း ဟင်းသီးဟင်းရွက်ဆီကို သုံးပေးသင့်ပါတယ်။

အချိုများတဲ့အစားအစာတွေ

ရိုးရိုးသကြားက ဆောင်းရာသီတင်မဟုတ်ဘဲ တခြားရာသီတွေမှာလည်း ကလေးတွေရဲ့ကျန်းမာရေးအတွက်မကောင်းပါဘူး။ ခန္ဓာကိုယ်မှာ သကြားဓာတ်အရမ်းများရင် ကလေးတွေကို ဖျားနာခြင်းနဲ့ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးတဲ့သွေးဖြူဆဲလ်ကို လျော့နည်းသွားစေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ အချိုအများကြီးစားမယ်ဆိုရင် ကူးစက်ရောဂါ၊ ဖျားနာတာတွေနဲ့ ကြုံတွေ့ရစေနိုင်ပါတယ်။ ဆိုဒါ၊ အအေး၊ ချိုချဉ်၊ ချောကလက်တွေလို အချိုများတဲ့အစားအစာတွေကို ဆောင်းရာသီမှာ ကလေးတွေကို မကျွေးမိပါစေနဲ့။

မရိုးနိစ် (Mayonnaise)

မရိုးနိစ်က ခန္ဓာကိုယ်ကို ဓာတ်မတည့်တာတွေ တွန်းလှန်နိုင်ဖို့ ကူညီပေးနိုင်တဲ့ Histamine ဓာတုဓာတ်တစ်မျိုးပါဝင်ပါတယ်။ ဒါပေမဲ့ ဆောင်းတွင်းမှာ ဒီဓာတ်ကြွယ်ဝတဲ့အစားအစာကို စားသုံးတာက လည်ချောင်းပြဿနာကို ဖြစ်စေနိုင်တဲ့ ချွဲသလိပ်ထုတ်လုပ်မှု များလာစေနိုင်ပါတယ်။ ကလေးတွေကို ရင်ကျပ်ပြီး နေမကောင်းဖြစ်လာစေနိုင်ပါတယ်။

နို့ထွက်ပစ္စည်း

နို့ထွက်ပစ္စည်းအားလုံးက တံတွေးနဲ့ချွဲသလိပ်တွေကို ပျစ်လာစေပြီး ကလေးတွေကို အစားအစာမျိုချရခက်ခဲစေပါတယ်။ ကလေးတွေကို ချိစ်၊ ခရင်မ် နဲ့ ခရင်မ်ပါဝင်တဲ့အစားအစာတွေ မကျွေးမိအောင်၊ မစားမိအောင် ဂရုစိုက်ပေးပါ။

အသား

အသားက ကလေးတွေ လည်ချောင်းယားယံတာကိုဖြစ်စေနိုင်တဲ့ ချွဲသလိပ်ထုတ်လုပ်မှုအားကောင်းစေတဲ့ ပရိုတင်းဓာတ်ကြွယ်ဝပါတယ်။ တာရှည်ခံဆေးသုံးပြီးထုတ်လုပ်ထားတဲ့အသားတွေက အဆိုးဆုံးပါပဲ။ ကလေးတွေကို အသားကျွေးချင်ရင်တော့ ငါးနဲ့ အော်ဂဲနစ်အသားတွေ ကျွေးပေးလို့ရပါတယ်။

Ref: Winter diet for kids: Avoid giving these 5 foods to kids during winter
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top