စားသောက်ဆိုင်လှောင်အိမ်ထဲမှာ နှစ် ၂၀ ကျော် ပိတ်လှောင်ခံခဲ့ရတဲ့ ဝက်ဝံညိုကြီး လွတ်မြောက်ပြီ

20.3.2023-yyl-iamge-13.jpg

Tirana, Albania | 2022 12 07 | Bear Mark being rescue from a Restaurant in Tirana, Albania. He will be transported to BEAR SANCTUARY Arbesbach, Austria

စားသောက်ဆိုင် လှောင်အိမ်ထဲမှာ နှစ် ၂၀ ကျော် ပိတ်လှောင်ခံထားရတဲ့ သနားစရာ အညိုရောင် ဝက်ဝံကြီး မက်ခ်ကို သားရဲတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ Four Paws က ကယ်တင်နိုင်ခဲ့ပါပြီ။ မက်ခ်နဲ့ သူ့အစ်မ လီဆာတို့ ဝက်ဝံသားပေါက်အရွယ်မှာ သူ့အမေ ဝက်ဝံမကြီး ပစ်သတ်ခံခဲ့ရပြီး စားသောက်ဆိုင်ပိုင်ရှင်က သူတို့မောင်နှမကို ဖမ်းခေါ်လာခဲ့တာပါ။

အယ်လ်ဘေးနီးယားနိုင်ငံ Sofra e Ariut စားသောက်ဆိုင်မှာ စိတ်မကောင်းဖြစ်စရာ အခြေအနေမျိုးနဲ့ နှစ် ၂၀ ကြာ ပိတ်လှောင်ခံခဲ့ရတဲ့ မက်ခ်ဟာ ကိုယ်လက်လှုပ်ရှားမှု မရှိတာကြောင့် ခန္ဓာကိုယ်အလေးချိန် ပေါင် ၅၅၀ အထိ အဝလွန်ခဲ့ပြီး သံလှောင်အိတ်ကို ကိုက်တာကြောင့် သွားတွေလည်း ကျိုးခဲ့ပါတယ်။

မက်ခ်ကို လွှတ်ပေးဖို့ Four Paws အဖွဲ့က အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်မှာ သူ့သခင်က မက်ခ်ကို Four Paws အဖွဲ့ထံ လွှဲပြောင်းပေးခဲ့တာပါ။ အခုအခါမှာတော့ မက်ခ်ဟာ သြစတြီးယားနိုင်ငံက ဘေးမဲ့တောမှာ ပျော်မွေ့နေပါပြီ။

Tirana, Albania | 2022 12 07 | Bear Mark being rescue from a Restaurant in Tirana, Albania. He will be transported to BEAR SANCTUARY Arbesbach, Austria

စားသောက်ဆိုင်၊ ဘားဆိုင်၊ ဟိုတယ်နဲ့ အခြားအပန်းဖြေရာနေရာတွေမှာ လာရောက်သူတွေကို ဆွဲဆောင်စေဖို့ သားရဲတိရစ္ဆာန်တွေကို ပိတ်လှောင်ပြသတာကို ရက်စက်ရာ ရောက်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း မြင့်တက်ခဲ့ပြီး အယ်လ်ဘေးနီးယားနိုင်ငံမှာ အဲဒီအလေ့အထ ပပျောက်လုနီးပါးအထိ နည်းပါးလာပြီလို့ ဆိုပါတယ်။

Ref: Saddest Restaurant Bear in Albania Freed From Tiny Cage After 20 Years of Boredom and Being Gawked At

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top