အပိုဆုကြေးအားလုံးကို လှူဒါန်းသွားမယ့် ရှောင်းမီ (Xiaomi) တည်ထောင်သူ

57453645_1316874861797590_3540405154853421056_n.jpg

တရုတ်စမတ်ဖုန်းအမှတ်တံဆိပ် ရှောင်းမီ (Xiaomi) ကို တည်ထောင်သူက တစ်နှစ်တာအတွင်းမှာ များပြားတဲ့ အပိုဆုကြေးငွေကို အလုံးအရင်းရရှိခဲ့ကြောင်း အများပြည်သူတွေဆီ ကြေညာခဲ့ပါတယ်။ ရှောင်းမီရဲ့ အမှုဆောင်အရာရှိချုပ် လေးကျွင်း (Lei Jun) က အပိုဆုကြေးအနေနဲ့ ကုမ္ပဏီမှာထည့်ဝင်ထားတဲ့ ဒေါ်လာ သန်း (၆၀၀) ကျော်တန်ဖိုးရှိ ရှယ်ယာတွေကို ရရှိခဲ့ပါတယ်။ ရှယ်ယာတွေရဲ့ ကာလပေါက်ဈေးကတော့ ဒေါ်လာ သန်း (၉၀၀) ခန့် ရှိပါတယ်။

ဒါကြောင့် အခွန်တန်ဖိုး နှုတ်ပြီးသား ရှယ်ယာပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဘယ်နေရာမှာ လှူဖြစ်မယ်ဆိုတာတော့ အတိအကျ မပြောသေးသလို ဖြေကြားပေးဖို့လည်း မအားသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ အများပိုင်ကုမ္ပဏီ ဖြစ်သွားခဲ့တည်းက ရှောင်းမီစမတ်ဖုန်းတွေရဲ့ ဝယ်လိုအားက ထိုးကျသွားခဲ့ပါတယ်။ ဒါ့အပြင် Samsung၊ Apple တို့လို ပြိုင်ဘက်ဖုန်းတွေနဲ့ ပြည်တွင်းပြိုင်ဘက် Huawei၊ Oppo၊ Vivo ဖုန်းတွေနဲ့လည်း ဈေးကွက် ယှဉ်ပြိုင်မှုတွေ ရှိခဲ့ပါတယ်။

ရှောင်းမီကိုတည်ထောင်သူ လေကျွင်းကတော့ ရသမျှ အပိုဆုကြေးတွေကိုလှူပြီးတာတောင် ဒေါ်လာ သန်းပေါင်း တစ်သောင်းတစ်ထောင်လောက် ပိုင်ဆိုင်မှုရှိနေသေးတယ်လို့ Forbes ဖော်ပြထားပါတယ်။

Ref: CNN “Xiaomi’s founder got a nearly $1 billion bonus and is donating it all to charity”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top