အာရှတိုက်ရဲ့ အကောင်းဆုံး နံပါတ် (၁) အမှတ်တံဆိပ်အဖြစ် (၉) နှစ်ဆက်တိုက် Samsung ရပ်တည်နေ

24-7-2020-yyl-021.jpg

Samsung Electronics က Nielsen နဲ့ Campaign Asia-Pacific တို့ပူးပေါင်းစစ်တမ်းကောက်ယူတဲ့ ၂၀၂၀ ခုနှစ်ရဲ့ အာရှထိပ်တန်း ကုန်အမှတ်တံဆိပ် (၁၀၀၀) စာရင်းမှာ နံပါတ် (၁) နေရာမှာ ရပ်တည်နေပြီး အဲဒီစာရင်းမှာ ကိုးနှစ်ဆက်တိုက် နံပါတ် (၁) အကောင်းဆုံး ကုန်အမှတ်တံဆိပ်အဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။


အဲဒီလို အဆင့်သတ်မှတ်ရာမှာ မော်တော်ယာဉ်၊ လက်လီရောင်းဝယ်မှု၊ အစားအသောက်နဲ့ အဖျော်ယမကာ၊ အီလက်ထရောနစ်ပစ္စည်းအစရှိတဲ့ အဓိကထုတ်ကုန်ကဏ္ဍ (၁၅)မျိုးအပေါ် သုံးစွဲသူတွေရဲ့ အတွေးအမြင်နဲ့ ကြိုက်နှစ်သက်မှု အရှိဆုံး ကုန်အမှတ်တံဆိပ်တွေအပေါ် စစ်တမ်းကောက်ယူမှုတွေကနေတဆင့် အဆင့်တွေကို သတ်မှတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Samsung က အခုနှစ်ရဲ့ထိပ်တန်း ကုန်အမှတ်တံဆိပ် (၁၀၀၀) စစ်တမ်းကောက်ယူမှုမှာ အကောင်းဆုံး ပြည်တွင်းအမှတ်တံဆိပ်၊ ၂၀၂၀ ခုနှစ်တွင် အသစ်ပါဝင်လာတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ ရေရှည်တည်တံ့ ထိန်းသိမ်းနိုင်မှုအရှိဆုံး အမှတ်တံဆိပ်၊ မိုဘိုင်း၊ တီဗီနှင့် Smart Home ဆိုင်ရာ နည်းပညာကဏ္ဍတွေမှာ ထိပ်တန်းကနေ ဦးဆောင်နေတဲ့ ကုန်အမှတ်တံဆိပ် အစရှိတဲ့ ကဏ္ဍငါးခုမှာ နံပါတ်တစ်နေရာ၌ ရပ်တည်နေခြင်းဖြစ်ပါတယ်။


ဒီစစ်တမ်းက အာရှတိုက်အတွင်းရှိ ဈေးကွက် (၁၄) ခုမှ သုံးစွဲသူတွေရဲ့ သဘောထားတွေကို ကောက်ယူထားခြင်းဖြစ်ပြီး ပိုမိုမျှတခိုင်မာတိကျတဲ့ စစ်တမ်းကောက်ယူမှု ဖြစ်စေရန် အတွက်လည်း စစ်တမ်းကောက်ယူရာမှာ အသက်အရွယ်၊ ကျားမ နဲ့ လစဉ်အိမ်ထောင်စုဝင်ငွေတွေအပေါ် အခြေခံပြီး ကောက်ယူခဲ့ခြင်းဖြစ်ပါတယ်။

စ်တမ်းကောက်ယူမှုပုံစံ

အဲဒီ အာရှထိပ်တန်း အမှတ်တံဆိပ် (၁၀၀၀) စာရင်းကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ မတ်လ ၁၉ ရက်အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး Campaign Asia-Pacific က အွန်လိုင်းစစ်တမ်း ကောက်ယူထားတဲ့ အချက်အလက်တွေရဲ့ Nielsen ရဲ့ နိုင်ငံတကာ အချက်အလက်များ၊ အသိအမြင်များကို ပေါင်းစပ် ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။ ဩစတြေးလျ၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ် အစရှိတဲ့ ဈေးကွက် (၁၄) ခုက သုံးစွဲသူတွေကို စစ်တမ်း ကောက်ယူထားခြင်း ဖြစ်ပြီး ဂျပန်နိုင်ငံက ဖြေဆိုသူ (၈၀၀)ဦး၊ အင်ဒိုနီးရှားနိုင်ငံက (၁၂၀၀)ဦး၊ တရုတ်နိုင်ငံက (၂၀၀၀)ဦးနဲ့ အခြားဈေးကွက်တစ်ခုချင်းစီက ဖြေဆိုသူ စုစုပေါင်း (၄၀၀) ဦးရဲ့ ဖြေဆိုမှုတွေပေါ်မူတည်ပြီး အခြေခံ တွက်ချက်ထားခြင်း ဖြစ်တဲ့အပြင် ဈေးကွက်တစ်ခုချင်းစီအလိုက် ပိုမိုလိုက်လျောညီထွေမှု ရှိစေရန် အတွက် ဖြေဆိုသူတွေကို အသက်အရွယ်၊ ကျားမ နှင့်လစဉ်အိမ်ထောင်စုဝင်ငွေတို့ အပေါ် မူတည်ပြီး ကောက်ယူခဲ့ခြင်းဖြစ်ပါတယ်။

စစ်တမ်းကောက်ယူမှုမှာ အဓိကဏ္ဍ (၁၅) ခုဖြစ်တဲ့ အရက်ယမကာ၊ အဝတ်အစားနှင့်ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်၊ အဖျော်ယမကာများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ အစားအစာလုပ်ငန်း၊ အိမ်သုံးပစ္စည်းများ၊ အိမ်ထောင်စုနှင့်ပုဂ္ဂိုလ်ရေးစောင့်ရှောက်မှု၊ မီဒီယာနှင့်ဆက်သွယ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်များ၊ လက်လီရောင်းဝယ်ရေး၊ အားကစားပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားနှင့်အပန်းဖြေ ကဏ္ဍ အစရှိတဲ့ ကဏ္ဍအသီးသီး အလိုက် စစ်တမ်းကောက်ယူ ခဲ့ခြင်းဖြစ်ပါတယ်။

စစ်တမ်းမှာ ပါဝင်ဖြေဆိုသူတွေအနေနဲ့ အောက်ပါမေးခွန်တွေကို ဖြေဆိုခဲ့ခြင်းဖြစ်ပါတယ်။
● မေးခွန်း (၁) – သက်ဆိုင်ရာကဏ္ဍအတွင်း မည်သည့်ကုန်အမှတ်တံဆိပ်ကို သင့်ရဲ့စိတ်အာရုံမှာ ဦးဆုံး တွေးမိ၊ စဉ်းစားမိသလဲ။ တစ်နည်း အရှင်းဆုံးပြောရရင် သူတို့ရဲ့ကုန်အမှတ်တံဆိပ်တွေမှာ သင် ယုံကြည် စိတ်ချရဆုံးတဲ့၊ ဂုဏ်သိက္ခာ ကြီးမားဆုံးလို့ ခံယူထားတဲ့ ကုန်အမှတ်တံဆိပ်ကို ရွေးချယ်ပေးပါ။
● မေးခွန်း (၂) – သက်ဆိုင်ရာ ကဏ္ဍအတွင်း အကောင်းဆုံး နံပါတ် (၁) ကုန်အမှတ်တံဆိပ် အပြင် သင့်အနေနဲ့ မည်သည့် ကုန်အမှတ်တံဆိပ်ကို ဒုတိယ အကောင်းဆုံး၊ ကုန်အမှတ်တံဆိပ်လို့ သတ်မှတ်ထားသလဲ။
● မေးခွန်း (၃) – မည်သည့် ကုန်အမှတ်တံဆိပ်သည် ရေရှည်တည်တံ့ ထိန်းသိမ်း နိုင်မှုတွင် အကောင်းမွန်ဆုံး ဖြစ်သလဲ စတဲ့ မေးခွန်းတွေလို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top