ထီဆုကြေးသွားထုတ်တဲ့နေ့မှာ ထီထပ်ပေါက်ခဲ့သူ

8-11-2022yyl24.jpg

ဒယ်လာဝဲပြည်နယ်က အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့လက ခဲခြစ်ထီ (၂) ခါ ပေါက်ခဲ့ပါတယ်။ တစ်နေ့တည်းမှာ ထီဆုကြေး ဒေါ်လာ ၄ သိန်း ထုတ်ယူနိုင်ခဲ့ပါတယ်။ ပထမတစ်ခါက ဒေါ်လာ ၁ သိန်းပေါက်ခဲ့ပြီး နောက်တစ်ခါကျတော့ ဒေါ်လာ ၃ သိန်းပါ။ထီပေါက်တဲ့သူက အမည်မဖော်လိုသူပါ။ ဒယ်လာဝဲပြည်နယ်က ထီဥပဒေအရ ထီပေါက်တဲ့သူတွေကို အမည်ဝှက်ထားခွင့်ပြုပါတယ်။

The Delaware Lottery ရဲ့ထုတ်ပြန်ချက်မှာ ထီပေါက်သူနဲ့ သူ့သူငယ်ချင်းဖြစ်သူတို့ဟာ ဆီဆိုင်တစ်ခုကနေ ဝယ်ယူခဲ့တဲ့ Ultimate Cash Instant Game ခဲခြစ်ထီ‌ရဲ့ဆုကြေးငွေ ဒေါ်လာ ၁ သိန်းကို အောက်တိုဘာ ၂၀ ရက်နေ့က လာရောက်ထုတ်ယူခဲ့တယ်လို့ ပြောပါတယ်။

ထီဆုကြေးထုတ်ပြီး အိမ်ပြန်တဲ့လမ်းမှာ အဲဒီအမျိုးသမီးဟာ ဒိုဗာမြို့လေးက စတိုးဆိုင်တစ်ခုကို ဝင်ပြီး “Serious Money” ထီလက်မှတ် (၃) စောင်ကို ဝယ်ယူခဲ့ပါတယ်။ ခဲခြစ်ကြည့်တော့ အဲဒီထဲက ထီတစ်စောင်ကနေ ဒေါ်လာ ၃ သိန်းပေါက်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးလည်း ထီဆုကြေး ဒေါ်လာ ၃ သိန်းထုတ်ယူဖို့ ထီရုံးချုပ်ကို ပြန်သွားခဲ့ရပါတယ်။

Ref: NBCNews “Delaware woman hits back-to-back lotto wins, claims $400,000 in single day”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top