မင်းသမီး ဆန်ဒရာဘူးလော့ခ်ရဲ့ချစ်သူဓာတ်ပုံဆရာ ကွယ်လွန်

8.8.23-yyl-1.jpg

Miss Congeniality ဇာတ်ကားနဲ့ လူသိများတဲ့ မင်းသမီး ဆန်ဒရာဘူးလော့ခ်ရဲ့ချစ်သူဓာတ်ပုံဆရာ ဘရိုင်ယန် ရန်ဒဲလ် သေဆုံးသွားခဲ့ပါပြီ။ ဆန်ဒရာဘူးလော့ခ်နဲ့ ဘရိုင်ယန် ရန်ဒဲလ်တို့က နှစ်အကြာကြီးတွဲလာခဲ့ကြတာပါ။ မင်းသမီးရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဟာ ဩဂုတ် ၅ ရက်နေ့က ဘရိုင်ယန် ရန်ဒဲလ် ကွယ်လွန်ခဲ့တယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။ ဘရိုင်ယန်က amyotrophic lateral sclerosis (ဦးနှောက်ရှိ လှုပ်ရှားမှုနှင့်ဆိုင်တဲ့ အာရုံကြောဆဲလ် များ တဖြည်းဖြည်းပျက်စီးလာတဲ့ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါ) ကို ၃ နှစ်တာ ခံစားရပြီးနောက် သေဆုံးခဲ့ရတာပါ။

“ဘရိုင်ယန်က ALS ရောဂါခံစားနေရတာကို အပြင်လူတွေမသိအောင် ဖုံးကွယ်ထားဖို့ ရွေးချယ်ခဲ့တယ်။ သူ့ကို ဂရုစိုက်ပေးခဲ့တဲ့ ကျွန်မတို့တွေအားလုံးက သူ့ရဲ့တောင်းဆိုချက်ကို လိုက်နာဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မတို့နဲ့ရှိဖို့ မိသားစုတွေကို မေ့ထားရတဲ့ ဒီရောဂါကို ကုသပေးတဲ့ဆရာဝန်တွေနဲ့ သူနာပြုတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ အခုအချိန်မှာ ဘရိုင်ယန်ကို နှုတ်ဆက်ဖို့ မဖြစ်နိုင်သေးတဲ့အတွက် ဝမ်းနည်းပူဆွေးနေရတာကြောင့် Privacy ကို လေးစားကြဖို့ တောင်းဆိုပါတယ်” လို့ ဘရိုင်ယန်ရဲ့မိသားစုက ထုတ်ပြန်ပြောကြားခဲ့တာပါ။

ALS ရောဂါကို ပျောက်ကင်းအောင်ကုသနည်းနဲ့ ဆက်ပြီးရောဂါမဆိုးရွားအောင်ထိန်းဖို့ ထိရောက်တဲ့ကုသနည်းလည်းမရှိပါဘူး။

မင်းသမီး ဆန်ဒရာဘူးလော့ခ်က ဘရိုင်ယန်နဲ့ သူ့ရဲ့ဆက်ဆံရေးကို နှစ်တော်တော်ကြာ ထုတ်မပြောခဲ့ပါဘူး။ ဘူးလော့ခ်က ဘရိုင်ယန်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီမှာ တွေ့ဆုံခဲ့ကြတာပါ။ ၂၀၁၅ ခုနှစ် အောက်တိုဘာမှာ “Our Brand is Crisis” ရုပ်ရှင်အထူးပြပွဲကို သူတို့နှစ်ဦးအတူတက်ရောက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇွန်လမှာလည်း Ocean 8 အထူးပြပွဲမှာ သူတို့နှစ်ဦး အတူတူဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် Red Table Talk ရှိုးမှာမှ ဘူးလော့ခ်က သူနဲ့ ဘရိုင်ယန်ရဲ့ဆက်ဆံရေးအကြောင်းကို ဖွင့်ဟခဲ့တာပါ။

Ref: Sandra Bullock’s partner Bryan Randall dies after 3-year battle with ALS

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top