ကိုမာဖြစ်နေတဲ့ အမျိုးသားက ပြန်လည်နိုးထလာတော့ သူ့ကိုယ်သူ သန်းကြွယ်သူဌေးလို့ ထင်မှတ်နေခဲ့

8.8.23-yyl-4.jpg

စကော့တလန်က အမျိုးသားတစ်ဦးဟာ နှစ်ပတ်ကြာ သတိမေ့မြောနေရာမှ ပုံမှန်မဟုတ်တဲ့ထင်ယောင်ထင်မှားမျိုးနဲ့ ပြန်နိုးလာခဲ့ပါတယ်။ မက်ခ် ဂစ်ဘ်ဆိုတဲ့ အဲ့ဒီအမျိုးသားဟာ ထီဆုကြီးဆွတ်ခူးခဲ့ပြီး ဘီလျံနာနဲ့ ဆယ်လီတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ယုံကြည်ရင်းနဲ့ နိုးထလာခဲ့တာပါ။

မက်ခ်ကို ၂၀၂၃ ခုနှစ် ဧပြီလက သူ့နေအိမ်မှာ မေ့မြောနေတာကို တွေ့ရှိခဲ့တာပါ။ ဆေးရုံရောက်တဲ့အချိန်မှာ သူဟာ အရက်အလွန်အကျွံသောက်တာနဲ့ မူးယစ်ဆေးသုံးစွဲတာတွေကြောင့် အသည်းနဲ့ကျောက်ကပ်ပျက်စီးနေတယ်ဆိုတာကို ဆရာဝန်တွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ နောက်တော့ ကိုမာဖြစ်သွားခဲ့ပြီး နှစ်ပတ်ကြာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိခဲ့တာပါ။

မက်ခ် ပြန်နိုးလာတဲ့အချိန်မှာ ထင်ယောင်ထင်မှားတွေဖြစ်လာခဲ့ပြီး သူ့ကိုယ်သူ အရမ်းချမ်းသာတယ်လို့ ယုံကြည်ထားခဲ့ပါတယ်။ ဘီလျံနာတွေနဲ့ ဩဇာကြီးတဲ့သူတွေအားလုံးက သူ့ကို လူချင်းတွေ့ချင်ကြတဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေလို့လည်း ထင်ယောင်ထင်မှားဖြစ်ခဲ့ပါတယ်။ သူ့ကိုယ်သူအလွန်ချမ်းသာပြီး အဆင်မြင့်မြင့်ဘဝနဲ့ နေထိုင်နေသူဖြစ်တယ်လို့လည်း စိတ်ကူးမိခဲ့ပါတယ်။ သူ့ရဲ့မိသားစုဝင်တွေက ဒီဖြစ်ရပ်ကို တွေ့ကြုံပြီးနောက် တအံ့တဩဖြစ်ခဲ့ကြရပါတယ်။ မက်ခ်ကလည်း သူ့ရဲ့အထင်တွေက အမှန်တကယ်မဟုတ်ဘူးဆိုတာ နောက်ပိုင်းမှာ သိရှိခဲ့ရပါတယ်။

သူ့ရဲ့ပိုင်ဆိုင်မှုတွေ၊ ဆယ်လီတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုတွေက ထင်ယောင်ထင်မှားဖြစ်မှုတွေဖြစ်တယ်ဆိုတာကို ဝမ်းနည်းစွာနဲ့ မီဒီယာအင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ အခုဆို သူက အလားတူအခြေအနေတွေနဲ့ အသက်ကို ထိခိုက်စေတဲ့ဆိုးကျိုးတွေကို ရှောင်ဖို့ အရက်နဲ့မူးယစ်ဆေးတွေသောက်သုံးတာကနေ ရှောင်ကြဉ်ကြဖို့ သတိပေးထားပါတယ်။

Ref: Strange Coma Experience: British Man Arises From Unconsciousness Thinking He Is Millionaire

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top