UFC ကြိုးဝိုင်းထဲမှာယှဉ်ပြိုင်ထိုးသတ်ဖို့ တွမ်ခရုဇ် ကိုစိန်ခေါ်လိုက်တဲ့ ဂျက်စတင်ဘီဘာ

skynews-justin-bieber-tom-cruise_4691392.jpg

UFC ပရိသတ်တွေကတော့ ထူးထူးခြားခြားတွဲဆိုင်းတစ်ခုရဲ့ပွဲကို ကြည့်ကြရတော့မယ်လို့ ထင်ပါတယ်။ အကြောင်းက ကမ္ဘာကျော် ကနေဒါအဆိုတော် ဂျပ်စတင်ဘီဘာ (Justin Bieber) က ဟောလိဝုဒ်အကျော်အမော် မင်းသားကြီး တွမ်ခရုဇ် (Tom Crusie) ကို ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲတွေကျင်းပတဲ့ UFC ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ စိန်ခေါ်လိုက်လို့ပါပဲ။

ဘယ်လိုအကြောင်းရင်းခံနဲ့ အခုလိုရုတ်တရက် ထူးထူးဆန်းဆန်းစိန်ခေါ်လိုက်သလဲဆိုတာကို ရေရေရာရာ မသိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ခုလိုမထင်မှတ်တဲ့စိန်ခေါ်မှုက နှစ်ဘက်ပရိသတ်တွေကြားမှာ စိတ်ဝင်စားစရာသတင်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အထူးသဖြင့် ဂျပ်စတင်ဘီဘာရဲ့ တွစ်တာအကောင့်က သန်းတစ်ရာကျော်သောပရိသတ်တွေက ပိုလို့ စိတ်ဝင်စားနေကြတာပါ။

ဂျက်စတင်ဘီဘာက “တွမ် ရေ… ကြောက်တယ်ဆိုပြီး ဒီပွဲကိုလက်မခံရင် ခင်ဗျားအနေနဲ့ အမြဲတသသဖြစ်နေရလိမ့်မယ်နော်” လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ မနေ့ကမနက်အစောပိုင်းအချိန်မှာ ရေးတင်ထားခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စမှာ UFC ကစားသမားသမားဟောင်း ကော်နာ မက်ဂရီဂေါ် (Conor McGergor) ကလည်း ဝင်ပါလာခဲ့ပြီး တွမ်ခရုဇ်ကသာ ထိုးသတ်ဖို့စိန်ခေါ်မှုကို သဘောတူမယ်ဆိုရင် ဒီပွဲအတွက် သူ့ရဲ့ အားကစားနဲ့ ဖျော်ဖြေရေးကုမ္ပဏီက တာဝန်ယူစီစဉ်ပေးသွားမယ်လို့ မြှောက်ထိုးပင့်ကော်လုပ်ထားပါသေးတယ်။

တွမ်ခရုဇ်ကသာ စိန်ခေါ်မှုကို သဘောတူမယ်ဆိုရင် ဒီပွဲအတွက် သူ့ရဲ့ အားကစားနဲ့ ဖျော်ဖြေရေးကုမ္ပဏီက တာဝန်ယူစီစဉ်ပေးသွားမယ်လို့ မြှောက်ထိုးပင့်ကော်လုပ်တဲ့ UFC ကစားသမားသမားဟောင်း ကော်နာ မက်ဂရီဂေါ် (Conor McGergor)

 

မက်ဂရီဂေါ်က “တကယ်လို့ တွမ်ကသာ ယောကျ်ားပီပီ ဒီပွဲအတွက်လက်ခံရင် ကျွန်တော်ရဲ့ကုမ္ပဏီက ကျင်းပပေးပါရစေ။ သူ့ရဲ့ရုပ်ရှင်တွေထဲမှာလိုမျိုး ပြိုင်ဘက်ကို သာသာယာယာလေးတိုက်ခိုက်နိုင်ဦးမှာလားလို့ စောင့်ကြည့်ချင်မိတယ်” လို့ သူ့ရဲ့တွစ်တာအကောင့်မှာ ရေးထားတာပါ။

မင်းသားကြီး တွမ်ခရုဇ်ရဲ့တုံ့ပြန်မှုကိုတော့ အခုထိ တစ်ခုတလေတောင်မတွေ့မိသေးပါဘူး

ဒီစိန်ခေါ်မှုအတွက် မင်းသားကြီး တွမ်ခရုဇ်ရဲ့တုံ့ပြန်မှုကိုတော့ အခုထိ တစ်ခုတလေတောင်မတွေ့မိသေးပါဘူး။ စိန်ခေါ်သူ အသက် (၂၅) နှစ်သား အဆိုတော် ဂျပ်စတင်ဘီဘာဟာ အရပ်အမြင့် (၅) ပေ (၉) လက်မရှိသူဖြစ်ပြီး အသက် (၅၆) နှစ်အရွယ် မင်းသားကြီး တွမ်ခရုဇ်ကတော့ အရပ် (၅) ပေ (၇) လက်မရှိသူဖြစ်ပါတယ်။ အကယ်၍ ဒီစိန်ခေါ်ပွဲသာ တကယ်ယှဉ်ပြိုင်ဖြစ်ခဲ့ရင် ဘယ်သူအနိုင်ရမယ်လို့ စာဖတ်သူထင်မိပါသလဲ… အဖြေကို ခန့်မှန်းပေးခဲ့နိုင်ပါတယ်။

Ref: BBC “Justin Bieber challenges Tom Cruise to UFC fight”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply