ကွယ်လွန်သွားပြီဖြစ်တဲ့ ဇနီးဖြစ်သူအတွက် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို တက်ခဲ့သူ

2.6.2023-yyl-1.jpg

အသက် ၆၀ အရွယ် ရှာရတ် ကူလ်ခါနီ အမည်ရတဲ့ အမျိုးသားဟာ သူ့ဇနီးဖြစ်သူ အန်ဂျာလီသေဆုံးသွားပြီးတဲ့နောက်မှာ သူ့ဇနီးအတွက် ကမ္ဘာ့အမြင့်ဆုံးတောင်ကို တက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူဟာ အိန္ဒိယမှာ ဒီအသက်အရွယ်နဲ့ ဧဝရက်တောင်ကို တတ်နိုင်တဲ့ တစ်ဦးတည်းသောတောင်တက်သမားလည်းဖြစ်ပါတယ်။

ရှာရတ်တို့ဇနီးမောင်နှံက သူတို့ရဲ့မွေးရပ်ဇာတိမြို့ Beed ကနေ Thane မြို့ ကို ပြောင်းရွှေ့နေထိုင်ခဲ့တာပါ။ တောင်တက်သမားတွေဖြစ်တဲ့ သူတို့နှစ်ဦးက ကမ္ဘာ့အမြင့်ဆုံးတောင် ၇ ခုလုံးကို တက်ဖို့ လုပ်ထားခဲ့ကြတာပါ။ ရှာရတ်နဲ့ အန်ဂျလီတို့ဟာ ၂၀၁၉ ခုနှစ်မှာ ဧဝရက်တောင်ကို တက်ဖို့ လုပ်ခဲ့ကြပါတယ်။ မေလ ၂၂ ရက်နေ့မှာ ဧဝရက်တောင်ကို တက်ရင်း ဝမ်းနည်းစရာအဖြစ်အပျက်ဖြစ်သွားခဲ့ပါတယ်။

တောင်တက်သမားအများအပြားရှိနေတာကြောင့် Hillary Step ကျောက်စွန်းအနီးမှာ လူတွေပြည့်ကျပ်နေခဲ့ပါတယ်။ အဲဒီမှာ ကြိုးတန်းလမ်းတစ်ခုပဲရှိပါတယ်။ တောင်တက်သမားတွေက တတ်နိုင်သမျှ တောင်အောက်မြန်မြန်ဆင်းချင်ကြတာကြောင့် လောနေခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အောက်ဆီဂျင်မလုံလောက်တာကြောင့် အန်ဂျလီ ဆုံးပါးသွားခဲ့ပါတယ်။

ရှာရတ်က အန်ဂျလီ ဆုံးပါးသွားပြီးတဲ့နောက်မှာ သူ့ဇနီးရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသက် ၆၀ မှာ ဧဝရက်တောင်ကို တက်ဖို့ ကြိုးစားပြင်ဆင်ခဲ့ပါတယ်။ အဲဒီကတည်းက အခြားတောင်ထိပ် (၄) ခုကို တက်ခဲ့ပြီးပါပြီ။ နောက်ဆုံးမှာ ဧဝရက်တောင်ကို ပြန်သွားတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ဇနီးသေဆုံးပြီး ၄ နှစ်အကြာ ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့မှာ ဧဝရက်တောင်ကို အောင်မြင်စွာ တက်နိုင်ခဲ့ပါတယ်။

Ref: Mount Everest For Love: 60-Year-Old Man Conquers Everest In Honour Of His Late Wife

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top