စာသင်နှစ်ကုန်လက်ဆောင်အဖြစ် တပည့်တွေကို သူတို့ရဲ့ပုံစံတူချည်ထိုးအရုပ်လေးတွေထိုးပေးဖြစ်ခဲ့တဲ့ ကျောင်းဆရာမ

29.8.2024-yyl-4.jpg

အောက်စဖို့မြို့၊ Tyndale Community School မူလတန်းကျောင်းဆရာမဆာရာ ရှာဘီဆိုသူဟာ စာသင်နှစ်ကုန်ဆုံးချိန်ရောက်တော့မှာဖြစ်လို့ သူ့ရဲ့တပည့်တစ်ဦးချင်းစီအတွက် သီးသန့်လက်ဆောင်အနေနဲ့ သူတို့နဲ့ပုံစံတူ ချည်ထိုးအရုပ်လေးတွေ ထိုးပေးဖြစ်ခဲ့ပါတယ်။

ဆာရာက သူ့တပည့် အယောက် ၃၀ ရဲ့ပုံစံတူချည်ထိုးအရုပ်တွေကို မေလမှာ စထိုးဖြစ်ခဲ့တာပါ။ စာသင်ကုန်ဆုံးချိန်မှာတော့ သူ့ရဲ့တတိယတန်းကလေးတွေအတွက် လက်ဆောင် အချိန်မှီပေးနိုင်ခဲ့ပါတယ်။ ဆာရာဟာ သူတို့ရဲ့စာသင်ချိန်တွေကို အမှတ်တရဖြစ်အောင် အမှန်တကယ်ထူးခြားတဲ့အရာကို ပေးလိုတဲ့အတွက် အခုလိုတပည့်တွေနဲ့ရုပ်တူချည်ထိုးအရုပ်တွေပေးဖြစ်ခဲ့တာပါ။

ဒီအရုပ် ၃၀ ထိုးဖို့အတွက် တစ်ရုပ်ကို ၈ နာရီခန့် အချိန်ယူရပြီး စုစုပေါင်း နာရီ ၂၄၀ ကြာမြင့်ခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ်ဆာရာက ချည်ထိုးနည်းအတတ်ပညာကို ကိုဗစ်ကာလအတွင်းမှာမှ စလုပ်ဖြစ်ခဲ့တာပါ။

Ref: School teacher crochets miniature versions of her pupils as end of year gift

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top