၁ မိနစ် ဒေါသထွက်ရင် ၅ နာရီကြာ ကိုယ်ခံအား ကျဆင်းနိုင်

breath.png

မျက်မှောက်ခေတ် သိပ္ပံသုတေသနပြုလုပ်ချက်အရ လူတွေရဲ့ ခံစားချက်နဲ့ ကိုယ်ခံအားစနစ် ဆက်နွှယ်မှုရှိနေပြီး ဒေါသထွက်ခြင်းက ကိုယ်ခံအား ကျဆင်းစေနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒေါသထွက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ပေါ့ပါးခြင်း အစရှိတဲ့ အခြေခံ စိတ်ခံစားချက် ၄ မျိုးက cytokine (ဆိုင်တိုကင်) ပရိုတိန်း ထွက်ရှိမှုနဲ့ ဆဲလ်တုံ့ပြန်မှုကို ဘယ်လို သက်ရောက်စေနိုင်သလဲဆိုတာ လေ့လာဆန်းစစ်ခဲ့တာပါ။

ဗဟိုအာရုံကြောစနစ်(CNS)ဟာ ဆိုင်တိုကင်ပရိုတိန်း၊ ကိုယ်ခံအားစနစ်ရဲ့ ဆဲလ်ရွေ့လျားမှု ဖြစ်စေတဲ့ အရာတွေနဲ့ ကိုယ်ခံအားစနစ်ရဲ့ ဆဲလ်အများအပြားကို နှိုးဆော်ရွှေ့ပြောင်းစေဖို့ အစပြုရာ ဖြစ်နေတယ်လို့ သုတေသီတွေက ယူဆကြပါတယ်။ အဲဒီလို လေ့လာဆန်းစစ်မှုတွေအရ စိတ်ခံစားချက်ဟာ ကိုယ်ခံအားစနစ်အပေါ် အကောင်း၊ အဆိုး သက်ရောက်မှု ရှိစေကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒေါသထွက်ခြင်းက ကိုယ်ခံအားစနစ်ကို ကျဆင်းစေပြီး ရယ်မောပျော်ရွှင်ခြင်းကတော့ ကိုယ်ခံအားစနစ်ကို မြင့်တက်စေကာ ၁၂ နာရီကြာ သက်ရောက်မှု ရှိစေမှာဖြစ်တယ်လို့ သုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: Science shows that your anger literally harms your body.

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top