မားစ်ဂြိုလ်ရဲ့ တောင်ဝင်ရိုးစွန်းမှာ ၁၂.၅ မိုင်ကျယ်တဲ့ ရေကန် တွေ့ရှိ

7-7-2020-yyl-019.jpg

ဥရောပ အာကာသအေဂျင်စီက သိပ္ပံပညာရှင်တွေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ မားစ်ဂြိုလ်နဲ့ ပတ်သတ်ပြီး အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာမှာ ပါဝင်တာကတော့ မားစ်ဂြိုလ်ရဲ့ တောင်ဝင်ရိုးစွန်းနားမှာ ၁၂.၅ မိုင်ကျယ်တဲ့ ရေကန်ကို တွေ့ရှိခဲ့ပြီး အောက်ဘက်မှာ ရေခဲအလွှာဖြစ်နေတယ်လို့ ဆိုထားပါတယ်။

၂၀၀၈ ခုနှစ်တုန်းကလည်း နာဆာဟာ အင်္ဂါဂြိုလ်ရဲ့ အပေါ်ယံမြေဆီလွှာတွေကို ဖယ်ရှားလိုက်စဉ်မှာ ရေခဲအလွှာကို တွေ့ရှိခဲ့ဖူးသလို ၂၀၁၁ ခုနှစ်မှာလည်း နာဆာရဲ့ မားစ်ဂြိုလ်ပတ်လမ်းကို လေ့လာသူတွေဟာ ဂြိုလ်ရဲ့တုံ့ပြန်မှုတွေဖြစ်ချိန်မှာ ရေခဲအလွှာတွေ ရှိနေတဲ့ ကုန်းမြင့်တွေကို တွေ့ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

မားစ်ဂြိုလ်ရဲ့ မြေဆီလွှာမှာ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်ကလိုရိုက်၊ ကယ်လ်ဆီယမ် တွေ ပါဝင်နေတာပါ။ ကမ္ဘာမြေပေါ်မှာတော့ ပင်လယ်ရေ အပူချိန်ဟာ ၂၈ ဒီဂရီဖာရင်ဟိုက် (အနှုတ် ၂ ဒီဂရီ ဆဲလ်စီးယပ်စ်) ရှိပြီး အင်္ဂါဂြိုလ်ပေါ်မှာတော့ အနှုတ် ၁၀၃ ဒီဂရီ ဖာရင်ဟိုက် (အနှုတ် ၇၅ ဒီဂရီ ဆဲလ်စီးယပ်) ရှိနေပါတယ်။

Ref: “Scientists Discovered a Liquid Lake on Mars. Could That Mean Life?”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top