အင်အားပြင်း မုန်တိုင်းတိုက်ဖွယ်ရှိနေလို့ ဂျပန်လေကြောင်းခရီးစဉ် ၁၀၀ ကျော်ဖျက်သိမ်း

s2.reutersmedia.net_.jpg

ဂျပန်နိုင်ငံမှာ အင်အားပြင်း မုန်တိုင်းတစ်ခု ထပ်မံတိုက်ခတ်ဖွယ်ရှိနေတာကြောင့် လေကြောင်းခရီးစဉ် ၁၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ ပြင်ဆင်နေရတယ်လို့ သိရပါတယ်။

မုန်တိုင်း ဂျောင်ဒရီဟာ ဇူလိုင် ၂၈ ရက်နေ့ ညပိုင်းသို့မဟုတ် ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်းလောက်မှာ တိုက်ခတ်ဖွယ်ရှိတယ်လို့ ဂျပန် မိုးလေဝသ အာဏာပိုင်တွေက ခန့်မှန်းထားကြပါတယ်။

တိုင်ဖွန်းမုန်တိုင်း တိုက်ခိုက်မှုနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းမူများဖြစ်လာနိုင်ပြီး တိုကျိုမြို့နားမှာ မိုးရေချိန် လက်မ ၄၀၀ မီလီမီတာ အထိ ရှိနိုင်တယ်လို့ ဂျပန် အာဏာပိုင်တွေက ပြောပါတယ်။ ဂျပန်နိုင်ငံအနောက်ပိုင်းမှာ အခုလအစောပိုင်းက ရေကြီး မြေပြိုမှုများဖြစ်ခဲ့သေးပြီး လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ပြီးနောက် အခုထပ်မံပြီး မုန်တိုင်းတိုက်ခတ်လာမှာလည်း ဖြစ်ပါတယ်။

ဂျပန် အာဏာပိုင်တွေဟာ ဒေသခံတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ သတိပေးထားပြီဖြစ်ပါတယ်။ ဂျပန် သတင်းဌာနတွေရဲ့ဖော်ပြချက်အရ မုန်တိုင်းဒဏ်ကို ကာကွယ်နိုင်ဖို့ မာဘီမြို မြစ်နားတစ်လျှောက်မှာ သဲအိတ်ကြီးတွေ ကာကွယ်ထားတယ်လို့ သိရပါတယ်။

ဂျပန် လေကြောင်းလိုင်းဌာနကလည်း တိုကျိုမြို့ လေဆိပ်မှာ ဆိုက်ရောက်၊ ထွက်ခွာမယ့် လေယာဉ်ခရီးစဉ် ၁၀၇ ခုကို ဖျက်သိမ်းထားပါတယ်။ တိုင်ဖွန်းမုန်တိုင်း ဂျောင်ဒရီဟာ ဂျပန် နိုင်ငံကုန်တွင်းပိုင်းကို တိုက်ခတ်ဖွယ်ရှိနေတယ်လို့ ခန့်မှန်းထားပြိး ဂျပန်နိုင်ငံမှာ အခုလ အစောပိုင်းက ရေကြီး၊ မြေပြိုမှုများနဲ့အတူ အပူလှိုင်း ဖြတ်သန်းမှုကိုပါ ခံစားခဲ့ရပြီး လူရာချီ ဆေးရုံတင်ပို့ထားရတာ ဖြစ်ပါတယ်။

Ref: Reuters Strong typhoon expected to make landfall on Japan

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top