ဖေ့စ်ဘွတ်ခ်ပေါ် တိုက်ရိုက်လွှင့်ပြခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ဦးနှောက်ခွဲစိတ်မှု

yyl-31-045.jpg

ဦးနှောက်ခွဲစိတ်မှု လုပ်မယ်လို့ တွေးလိုက်တာနဲ့ ကြောက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်မှာ တိုက်ရိုက်လွှင့်ရင်း မေ့ဆေးမသုံးဘဲ နိုးထလျက်နဲ့ ဦးနှောက်ခွဲစိတ် ကုသမှုလုပ်လို့ရတာကို တွေးမိဖူးကြလား။မကြာသေးခင်မှ ဂျန်နာ ရှာတ်(Jenna Schardt) ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ နိုးထလျက်နဲ့ ဦးနှောက်ခွဲစိတ်မှုကို ပြုလုပ်ခဲ့ပြီး အဲဒီလိုခွဲစိတ် နေစဉ်အတွင်းမှာ Methodist Dallas Medical Center က ဝန်ထမ်းက ဖေ့စ်ဘွတ်ခ်မှာ တိုက်ရိုက်လွှင့်ခဲ့ပါတယ်။ ဒီခွဲစိတ်မှုက ရှာတ်ရဲ့စကားပြောနိုင်စွမ်းကို ထိခိုက်စေတဲ့၊ သတိမေ့စေတဲ့ သွေးကြောအထုံးတွေကို ဖယ်ရှားဖို့ဖြစ်ပါတယ်။ ဆရာဝန်တွေက အဓိကကျတဲ့ဦးနှောက်လုပ်ဆောင်ချက်တွေ ထိခိုက်မှုမဖြစ်အောင် လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ရှာတ်က ခွဲစိတ်မှုရဲ့တစ်စိတ်တစ်ပိုင်းအတွက် မေ့ဆေးမသုံးခဲ့ရဘဲ နိုးထနေခဲ့ရပါတယ်။

“ကျွန်တော်တို့ တစ်ခုခုသာမှားသွားရင် သူမရဲ့စကားပြောနိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ခွဲစိပ်ကုသမှုတွေ ဆက်မလုပ်ခင်မှာ အရင်စကားပြောနေရာတွေကို အသေးစိတ်လုပ်ဆောင်ရပါတယ်။ သူ အိပ်မနေဘဲ ကျွန်တော်တို့ကို စကားပြောနေရင်းနဲ့ ကျွန်တော်တို့က ဦးနှောက်က အဲဒီနေရာတွေကို အသေးစိတ် ခွဲစိပ်ရပါတယ်” လို့ စကာတ်ရဲ့အာရုံကြော ခွဲစိတ်ဆရာဝန် ဒေါက်တာ ဘာတ်လေ မစ်တ်ရှယ်က ဆိုပါတယ်။

ဆရာဝန်တွေက ဦးခေါင်းခွံကို ခွဲစိတ်တုန်းက  စကာတ်ကို  မေ့ဆေးပေးပြီး  ခွဲစိတ်ကုသမှုကို စတင်ခဲ့တာပါ။   ဦးနှောက်နား  ရောက်သွားတဲ့နောက်မှာ ခွဲစိတ်ဆရာဝန်တွေက သူ့ကို နိုးထအောင်လုပ်ခဲ့ပြီး သူ ဖတ်လို့ရအောင် အခြေခံကျတဲ့ တချို့စကားလုံးတွေနဲ့ ပုံတွေကို Ipad ပေါ်မှာပြခဲ့ပါတယ်။ သူသာ စကားမပြောနိုင်ရင် (ဒါမှမဟုတ်) အမှားလုပ်မိခဲ့ရင် ရှောင်သင့်တဲ့နေရာ ဖြစ်တယ်ဆိုတာကို ဆရာဝန်တွေကို သိစေပါတယ်။ ရှာတ်က   ဦးနှောက်ခွဲစိတ်မှုကို      တွေ့ကြုံရမယ့် အခြားသူတွေကို အကူအညီဖြစ်စေမယ့်လို့ ယုံကြည်တဲ့အတွက် သူမရဲ့ခွဲစိတ်မှုကို တိုက်ရိုက်လွှင့်ပြီး ကမ္ဘာကြီးကို ပြချင်ခဲ့တာပါ။ တိုက်ရိုက်လွှင့်နေစဉ်အတွင်းမှာ လူ (၂၃၀၀) ကျော်က ကြည့်ရှုဖို့အတွက် Log In လုပ်ခဲ့ကြပါတယ်။

“သူတို့ ဒါကိုလုပ်နိုင်တဲ့အတွက် အရမ်းမိုက်တာပဲ။ ကျွန်မ နိုးထနေရမှာဖြစ်ပြီး သူတို့ နေရာမှန်ကို ခွဲစိပ်လို့ရအောင် စကားပြောနေရမှာ”လို့ ခွဲစိတ်ခန်းမဝင်ခင် ဖ့စ်ဘွတ်ခ်ပေါ် ဆေးရုံကတင်တဲ့ဗီဒီယိုမှာ စကာတ်ကပြောခဲ့ပါတယ်။ရှာတ်က occupationall therapy မဟာဘွဲ့ကို တက်ရောက်နေတာဖြစ်ပြီး လေဖြတ်နေတဲ့သူတွေကို ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးနေတာပါ။ တစ်နေ့မှာ အဲဒီလူနာတွေကို ပြုစုကူညီပေးနေတုန်း လေဖြတ်တာနဲ့ ဆင်တူတဲ့ လက္ခဏာရပ်တွေကို ကြုံတွေ့လာခဲ့ပါတယ်။ “စကားပြောနေတုန်းတန်းလန်းကြီး ရုတ်တရက်ဆိုသလိုပဲ စကားဆက်ပြောလို့မရခဲ့ပါဘူး” လို့ ရှာတ်က ပြောခဲ့ပါတယ်။

အဲဒီနောက်မှာ ဆရာဝန်တွေက ရှာတ်ဟာ စကားပြောနိုင်စွမ်းကို သက်ရောက်နေတဲ့ ဦးနှောက်မှာ သွေးကြောထုံးတွေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
ဆရာဝန်တွေက နိုးထလျက် ဦးနှောက်ခွဲစိပ်မှု လုပ်ခဲ့တာက နှစ်တော်တော်ကြာပါပြီ။ ၂၀၁၇ခုနှစ်မှာ University of Rochester က ဆရာဝန်တွေက ဂီတပညာရှင်တစ်ဦးရဲ့ဂီတတီးနိုင်စွမ်းကို ထိခိုက်မှုမရှိအောင် အဖုအကြိတ်တွေကို ဖယ်ရှားဖို့အတွက် သူ ဆက်ဆိုဖုန်းမှုတ်နေရင်းနဲ့ သူ့ဦးနှောက်ကို ခွဲစိပ်ကုသမှု လုပ်ဆောင်ခဲ့ကြဖူးပါတယ်။

Ref: CNN “A woman allowed her brain surgery to be livestreamed on Facebook. She was awake for most of it”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top