ရုံပြန်တင်လာမယ့် Avengers: Endgame မှာ စတန်လီအတွက် အမှတ်တရ ဂုဏ်ပြုထားတဲ့ ဗီဒီယို ပါဝင်လာမည်

stanlee1.jpg

Avengers: Endgame ရုပ်ရှင်ကို လာမယ့် ရက်သတ္တပတ်ထဲ ထပ်မံရုံတင်လာတော့မှာဖြစ်သလို ပထမတစ်ခေါက်ရုံတင်စဉ်က ပရိသတ်တွေမမြင်တွေ့ခဲ့ရတဲ့ ဇာတ်ဝင်ခန်းအသစ်နဲ့ ပြကွက်အသစ်တွေ ထည့်သွင်းပြီး ပြန်လည်ဖမ်းစားသွားဦးမှာဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ရုပ်ပြစာအုပ်ရေးသားဖန်တီးခဲ့သူ စတန်လီ (Stan Lee) အတွက် အမှတ်တရဂုဏ်ပြုထားတဲ့ (၇) မိနစ်စာ ဗွီဒီယိုလည်း ပါဝင်လာဦးမှာဖြစ်တယ်လို့ Marvel ရုပ်ရှင်ရဲ့ဥက္ကဌ ကယ်ဗင်ဖိချ် (Kevin Feige) က အတည်ပြုသွားခဲ့တာပါ။

“ရုပ်ရှင်ကို အပြီးထိကြည့်မယ်ဆိုရင် အမည်စာရင်း စာတန်းထိုးပြီးချိန်မှာ ခင်ဗျားတို့အတွက် အံ့အားသင့်စရာတွေ ဖန်တီးထားပါတယ်။ စတန်လီအတွက် အမှတ်တရဗီဒီယိုကလစ်ပါမယ်၊ ဖြတ်တောက်ထားတဲ့ ဇာတ်ဝင်ခန်းတစ်ခုလည်း ပြသသွားဦးမှာပါ ” လို့ ဖိချ်က Comicbook ဝက်ဘ်ဆိုက်ကို ပြောပြသွားခဲ့တာပါ။

Marvel ကနေ ပုံစံကွဲအနေနဲ့ ပြန်လည် ရုံတင်လာမယ့် Avenger: Endgame ရုပ်ရှင်ကနေ ပရိသတ်တွေအတွက် ဘယ်လိုခံစားမှုအသစ်တွေ သယ်ဆောင်ပေးလာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ကြရအောင်ပါ။

Ref: Comicbook “Avengers: Endgame Re-Release Footage Includes Stan Lee Tribute”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top