ရေဓာတ်လွန်ကဲခြင်းကြောင့် ဘာတွေ ဖြစ်လာနိုင်မလဲ

Drinking-Water_Feat.jpg

နွေရာသီမှာ ကျွန်တော်တို့ အများစု တွေ့ကြုံနေရတဲ့ အကြီးမားဆုံး ပြဿနာက ရေဓာတ်ကုန်ခန်းတာပါပဲ။ တစ်နေ့လုံး ရေလုံလုံလောက်လောက် မသောက်ရင် ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးကို ဦးစားပေးတဲ့ သူတွေက တစ်နေ့တာ ရေသောက်သုံးမှုပမာဏက လိုတာထက်ပိုနေတယ်လို့သိရပါတယ်။ ဒါကလည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အလေ့အကျင့်တော့မဟုတ်ပါဘူး။ ရေသောက်များလွန်းတာ (ဒါမှမဟုတ်) ရေဓာတ်လွန်ကဲတာတွေကလည်း ကျွန်တော်တို့ ကျန်းမာရေးအတွက် မကောင်းနိုင်ဘူးလို့ ပြောရမှာပါပဲ။ ဒါကြောင့် ရေဓာတ်လွန်ကဲခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အရာတွေကို မျှဝေပေးလိုက်ရပါတယ်။

ဆီးအရောင်ပြောင်းလဲခြင်း

သင်ဟာ ရေသောက်များလွန်းတဲ့အခါ သင့်ရဲ့ဆီးအရောင်ကို သေချာကြည့်ပေးသင့်ပါတယ်။ ကျန်းမာရေးကောင်းတဲ့ဆီးအရောင်က အဝါရောင်သမ်းနေပြီး ရေဓာတ်လွန်ကဲတဲ့အခါ ဆီးအရောင်က ကြည်လင်နေပါတယ်။

ရေတကယ်မဆာဘဲနဲ့တောင် ရေသောက်မိနေခြင်း

သင်နဲ့အတူ ရေဘူးဆောင်ထားပြီး ရေမဆာဘဲနဲ့တောင် ရေသောက်မိနေပြီလား။ ရေဆာတာက ရေဓာတ်ကုန်ခန်းတာကို တိုက်ဖျက်ဖို့ ခန္ဓာကိုယ်ရဲ့သဘာဝအလျောက်တုံ့ပြန်မှုပါပဲ။ ရေတကယ်မဆာဘဲနဲ့တောင် ရေသောက်မိနေတယ်ဆိုရင် သင့်ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ ရှုပ်ထွေးနေတာဖြစ်ပါတယ်။

မအီမသာဖြစ်ခြင်းနဲ့ အော့အန်ခြင်း

ရေဓာတ်လွန်ကဲခြင်းရဲ့လက္ခဏာရပ်တွေက ရေဓာတ်ကုန်ခန်းခြင်းနဲ့ မထူးမခြားနားပါဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ရေအများကြီးသောက်လိုက်တဲ့အခါ သင့်ကျောက်ကပ်တွေက ရေကို ထိန်းထားပြီး ခန္ဓာကိုယ်တဝိုက်မှာ ရေတွေ စုလာတော့ပါတယ်။ ဒါက မအီမသာဖြစ်တာ၊ အော့အန်တာတွေအပါအဝင် ဝမ်းဗိုက်ပြဿနာတွေ ဖြစ်လာစေပါတယ်။

ခေါင်းကိုက်ခြင်း

ရေဓာတ်လွန်ကဲခြင်းရဲ့ နောက်ထပ်လက္ခဏာရပ်တစ်ခုက တဆစ်ဆစ်နဲ့ ခေါင်းကိုက်တာပါပဲ။ ရေ အရမ်းသောက်လွန်းတဲ့အခါ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက ရောင်ရမ်းလာပြီး အငန်ပမာဏ လျော့နည်းလာပါတယ်။ အဲဒီလိုဖြစ်လာတာနဲ့ ဦးနှောက်ရဲ့သွေးကြောတွေကို တွန်းအားပေးနေတဲ့အတွက် နာကျင်ကိုက်ခဲတာတွေ ဖြစ်လာပါတယ်။

နှုတ်ခမ်း၊ လက်တွေ ရောင်ရမ်းလာခြင်း

နောက်ထပ်တစ်ခုကတော့ သင့်မျက်နှာတဝိုက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ရောင်ရမ်းတာတွေ ရှိမရှိ သတိထားသင့်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေအရမ်းများတာနဲ့ ရောင်ရမ်းလာပါတယ်။ ဒါ့အပြင် အနီကွက်တွေကိုလည်း တွေ့နိုင်ပါတယ်။ ဖောရောင်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကလည်း ကိုယ်အလေးချိန် တက်လာစေပါတယ်။

Ref: TOI “Overhydrating yourself?”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top