တောမီးကြောင့် နေအိမ် မီးလောင်ပျက်စီးသွားပြီး ဗန်ကားထဲမှာ နေထိုင်ရတဲ့ ဖခင်ဖြစ်သူအတွက် အိမ်ပြန်ဆောက်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ၁၀ နှစ်အရွယ် သားငယ်က မြက်ရှင်းတဲ့အလုပ်လုပ်ပြီး ငွေရှာပေးခဲ့ပါတယ်။
ကနေဒါနိုင်ငံအနောက်ပိုင်း ဆာစကတ်ချီဝမ်ပြည်နယ်မှာ တောမီးကြောင့် စာသင်ကျောင်းတွေကို အချိန်စော ပိတ်ခဲ့ရပြီး ကလေးတွေအတွက် နွေရာသီ အားလပ်ရက် ပိုရခဲ့ပါတယ်။ ဒါပေမဲ့ ၁၀ နှစ်အရွယ် ကလေးငယ် ဟန်တာလာဆင်ကတော့ အခြားကလေးတွေလို ဆော့ကစားဖို့ အချိန်မရှိခဲ့ပါဘူး။
အရွယ်နဲ့မလိုက်အောင် မိဘကို သိတတ်လွန်းတဲ့ လာဆင်က သူ့အဖေအတွက် အိမ်ပြန်ဆောက်ပေးဖို့ အိမ်နီးနားချင်းတွေရဲ့ ခြံဝန်းတွေထဲမှာ မြက်ရှင်းပေးပြီး ငွေရှာခဲ့ပါတယ်။ မြက်တစ်ခါရိတ် ၁၀ ဒေါ်လာနှုန်းနဲ့ ငွေရှာခဲ့တဲ့ လာဆင်ကို ချစ်ခင်ကြတဲ့ အိမ်နီးနားချင်းတွေက ကျသင့်ငွေထက် ပိုပေးခဲ့ကြပြီး တချို့ကလည်း အလှူငွေတွေ ပေးခဲ့ကြပါတယ်။
လာဆင်ဟာ လက်ရှိအချိန်ထိ ခြံပေါင်း ၃၀ ကို မြက်ရှင်းပေးထားပြီး ဒေါ်လာ ၁၅၀၀ စုဆောင်းနိုင်ခဲ့ပါပြီ။ သူကတော့ ကျောင်းပြန်မဖွင့်မချင်း မြင်လိုက်ရိတ်ပြီး ငွေထပ်ရှာဖို့ မျှော်လင့်နေပါတယ်။
ဇွန်လအစောပိုင်းက တောမီးလောင်ကျွမ်းမှုကြောင့် လာဆင်ရဲ့အဖေ နေအိမ် မီးလောင်ခဲ့ပြီး လက်ရှိအချိန်မှာ သူ့အဖေနဲ့ ခွေးကလေး ရှဲဒိုးက ဗန်ကားထဲမှာ နေထိုင်နေရတာပါ။
Ref: 10-Year-Old Mows Lawns All Summer To Help His Dad Rebuild After Wildfire Loss
NZ ( ရိုးရာလေး)