ဗင်နီဇွဲလားသမ္မတနဲ့ ထိပ်တန်းအရာရှိတွေကို မူးယစ်အကြမ်းဖက်မှုနဲ့ အမေရိကန်စွဲချက်တင်

yyl-vinizwelar01.jpg

ဗင်နီဇွဲလားသမ္မတ မာဒူရိုနဲ့ ဗင်နီဇွဲလားထိပ်တန်းအရာရှိတွေကို အမေရိကန်နိုင်ငံက မူးယစ်အကြမ်းဖက်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ သူတို့က အမေရိကန်နိုင်ငံကို ကိုကင်းတွေ တင်ပို့ခဲ့ပြီး အမေရိကန်နိုင်ငံသားတွေ ကျန်းမာရေးထိခိုက်အောင် မူးယစ်ဆေးဝါးကို လက်နက်တစ်ခုလို အသုံးချခဲ့တယ်လို့ အမေရိကန်နိုင်ငံက စွပ်စွဲထားပါတယ်။

အမေရိကန်အစိုးရရှေ့နေချုပ် ဝီလျံဘားက စွဲချက်တွေကို ကြေညာခဲ့တာဖြစ်ပါတယ်။ မာဒူရိုကို ဖမ်းဆီးနိုင်အောင် သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၁၅ သန်း ဆုချီးမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။ အမေရိကန်နိုင်ငံရဲ့ လုပ်ရပ်က နှစ်နိုင်ငံကြား တင်းမာမှုတွေကို အရှိန်မြင့်စေမှာပါ။ ဗင်နီဇွဲလားသမ္မတမာဒူရိုက အကျင့်ပျက်ခြစားပြီး နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ အုပ်ချုပ်နေတယ်လို့ အမေရိကန်နိုင်ငံက စွပ်စွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ မာဒူရိုကတော့ အဲဒီစွဲချက်တွေကို ထပ်ဖန်တလဲလဲ ငြင်းဆန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ မာဒူရိုအပြင် ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး၊ အထက်တရားရုံးချုပ်ရဲ့ တရားသူကြီးချုပ်တွေအပါအဝင် ဗင်နီဇွဲလားအရာရှိတစ်ဒါဇင်ကျော်ကို စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top