ဥရုဂွေးနိုင်ငံမှာ တူးဖော်ရမိခဲ့တဲ့ အသည်းပုံခရမ်းရောင်သလင်းကျောက်

9-6-2-21-yl-15.jpg

ကျောက်မျက်ရတနာနဲ့ တွင်းထွက်ပစ္စည်းတွေကို တူးဖော်တဲ့အခါ ပုံစံအမျိုးမျိုးနဲ့ တွေ့ရပါတယ်။ ဒါပေမဲ့ ခရမ်းရောင်သလင်းကျောက်တစ်ခုကို ရှာဖွေတူးဖော်မိတဲ့အချိန်မှာ သဘာဝအလျောက်ဖြစ်တည်နေတဲ့ အသည်းပုံ ပုံစံမျိုးနဲ့ တွေ့ခဲ့ရတာပါ။ အံ့သြစရာကောင်းတဲ့ ဒီသလင်းကျောက်ကို သတ္တုတူးဖော်သမားတွေက ဉရုဂွေးနိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့ရဲ့နယ်စပ်မှာ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ကျောက်တုံးတစ်တုံးကို တူးခွဲလိုက်တဲ့အခါမှာ အတွင်းထဲမှာ အသည်းပုံ ပုံစံသလင်းကျောက်ကိုတွေ့ခဲ့ရတာပါ။

ဒီလိုသလင်းကျောက်မျိုး ရှာဖွေတွေ့ရှိခဲ့ရလိမ့်မယ်လို့ သတ္တုတူးဖော်ရေးသမားတွေက မထင်ခဲ့မိပါဘူး။ သူတို့က ခက်ခက်ခဲခဲကို တူးဖော်နေခဲ့ရတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ သတ္တုတွင်းမှာ ပုံမှန်အတိုင်းပဲ အလုပ်လုပ်နေခဲ့တာပါ။ ဒါပေမဲ့ မြေက တူးဖော်ဖို့ တော်တော်လေးခက်ခဲခဲ့ပြီး ကျွန်တော်တို့ရဲ့အလုပ်သမားတွေက ကျွန်တော်တို့ လုပ်နေတာ ခက်ခဲနေတာကြောင့် တကယ်ကောင်းတဲ့အရာတစ်ခုခုကို တွေ့တော့မယ်လို့ ပြောခဲ့တာပါ” လို့ သတ္တုတူးဖော်သူ မာကို့စ် လိုရမ်ဇလီ (Marcos Lorenzelli) က ပြောပါတယ်။ သူတို့ စိတ်ရှည်ရှည်နဲ့ ကြိုးစားတူးဖော်မှုရဲ့ရလဒ်အနေနဲ့ သူတို့ရဲ့ဘဝမှာ တစ်ခါသာ တွေ့ခဲ့ဖူးတဲ့ ဆုလာဘ်ကို ရရှိခံစားခဲ့ရပါတယ်။

မြင်တွေ့နေကျပုံစံမျိုးမဟုတ်တဲ့ သလင်းကျောက်ဟာ ကမ္ဘာတစ်ဝှမ်းက လူတွေရဲ့အာရုံကို ဖမ်းစားထားနိုင်ခဲ့ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတော့တယ်။ သတ္တုတူးဖော်ရေးသမားတွေက The New Treasure လို့ခေါ်တဲ့ ဒီသလင်းကျောက်အပါအဝင် ရှာဖွေတွေ့ရှိခဲ့တဲ့အရာမှန်သမျှကို ဝပ်ဆိုက်ကနေတစ်ဆင့် ရောင်းချလို့နေပါတယ်။

Ref: Mymodernnet “Amazing Heart-Shaped Amethyst Geode Discovered by Miners in Uruguay”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top