၂၀၂၀ အိုလံပစ်ကစားသမားတွေအတွက် ပြန်လည်အသုံးပြုလို့ရတဲ့ ကုတင်တွေကို ဂျပန်နိုင်ငံက စီစဉ်ပေး

yyl-7-9-044.jpg

ဂျပန်နိုင်ငံက 2020 Tokyo Olympics and Paralympics ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကစားသမားတွေကို ပြန်လည်အသုံးပြုလို့ရတဲ့ စက္ကူဘူးတွေနဲ့ ဖန်တီးထားတဲ့ကုတင်တွေကို ပံ့ပိုးစီစဉ်ပေးထားတယ်လို့ သိရပါတယ်။ ဒါက အလဟာသစွန့်ပစ်ပစ္စည်း တွေမဖြစ်အောင် ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ပတ်ဝန်းကျင်အတွက် လုပ်ဆောင်နေကြောင်း ပြနေတာလည်းဖြစ်ပါတယ်။ ကစားသမားတွေအတွက် စီစဉ်ပေးထားတဲ့ကုတင်တွေက ပေါ့ပါးပြီး အခန်းကို သူတို့စိတ်တိုင်းကျ အလွယ်တကူ ပြင်ဆင်နေရာချထားလို့ရမှာဖြစ်ပါတယ်။

အရပ်ရှည်တဲ့ကစားသမားတွေအတွက် ကုတင်ကို တိုးချဲ့လို့ရပြီး စက္ကူဘူူးကုတင်တွေက (၂၀၀) ကီလိုဂရမ်ထိ အလေးချိန်ခံနိုင်ပါတယ်။ ဒီကုတင်တွေကို Japanese bedding company Airweave က ပံ့ပိုးအားဖြည့်ပေးမှာဖြစ်ပါတယ်။ မွေ့ယာတွေကလည်း ပခုံး၊ ခါး၊ ခြေထောက်တွေကို သက်တောင့်သက်သာဖြစ်စေမှာပါ။ ကစားသမားတွေက ကိုယ့်ခန္ဓာကိုယ်နဲ့ အဆင်ပြေအောင် မွေ့ယာတွေကို ညှိယူလို့ရပါတယ်။ ပေါ့ပါးတဲ့စက္ကူဘူးကုတင် (၁၈၀၀၀) ကို အိုလစ်ပစ်ကစားသမားတွေအတွက်ဖြစ်ပြီး နောက်ထပ် ကုတင် (၈၀၀၀) ကတော့ ဒီဇိုင်းနည်းနည်းကွဲပြီး မသန်စွမ်းကစားသမားတွေအတွက်ဖြစ်ပါတယ်။

အိုလံပစ်ဂိမ်းပြိုင်ပွဲပြီးသွားရင် ကုတင်တွေကို စက္ကူထုတ်ကုန်တွေအဖြစ် ပြန်လည်အသုံးပြုမှာဖြစ်သလို မွေ့ယာတွေကိုလည်း ပလတ်စတစ်ထုတ်ကုန်အသစ်တွေအဖြစ် ပြန်လည်အသုံးပြုမှာဖြစ်ပါတယ်။ ကုတင်တွေနဲ့မွေ့ယာတွေကို ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာက အိုလံပစ်သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်ပါပဲ။ 2020 Olympic Games အတွက် ဆုတံဆိပ်တွေကလည်း ပြန်လည်အသုံးပြုလို့ရတဲ့ အီလက်ထရွန်နစ်တွေနဲ့ ပြုလုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Ref: Mothership “Japan makes recyclable cardboard beds for 2020 Tokyo Olympics athletes to sleep on”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top