မျိုးတုန်းအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မြန်မာ့ တောရိုင်းတိရစ္ဆာန်များအား ကာကွယ်ပေးမည့် အောင်လအန်ဆန်

Aung-La-N-Sang-DSC_9311.jpg

လူသားတို့၏ အတ္တများကြောင့် ယနေ့ကမ္ဘာပေါ်မှ တောရိုင်းတိရစ္ဆာန်များသည် မိနစ်နှင့်အမျှ၊ နာရီနှင့်အမျှဆိုသလို မျိုးတုန်းပျောက်ကွယ် လျက်ရှိနေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များနှင့် တိရစ္ဆာန်အခွင့်အရေးကာကွယ်စောင့်ရှောက်နေသူများက စဉ် ဆက်မပြတ် ထောက်ပြလျက်ရှိသည်။ စီးပွားရေးအလို့ငှာ သဘာဝသစ်တော ဧရိယာများကို ခုတ်ထွင်ရှင်းလင်းခြင်းကြောင့် တောရိုင်း တိရစ္ဆာန်များ၏ နယ်မြေစားကျက်ရှားပါးလာသလို ဆေးဝါး၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများအတွက် တိရစ္ဆာန်များ၏ခန္ဓာကိုယ်အ စိတ်အပိုင်းများအား အသုံးချနေခြင်းကြောင့်လည်း ကမ္ဘာပေါ်တွင် ကြွင်းကျန်နေသော တောရိုင်းတိရစ္ဆာန်များ၏ ဆက်လက်ရပ်တည်နိုင် ရေးမှာ ခြိမ်းခြောက်ခံနေရသည်။

“မြန်မာ့စပါးအုံး” အောင်လအန်ဆန်သည် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship တွင် အ ကောင်းဆုံးအားကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသော်လည်း ၎င်းအတွက် နောက်ထပ်ရုန်းကန်သွားရမည့် ကွဲပြားခြားနား သော နယ်ပယ်တစ်ခုရှိနေသည်။ ONE ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လသည် လာမည့် အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ ၌ကျင်းပမည့် ONE: CENTURY PART-2 ပြိုင်ပွဲကြီးတွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် စိန်ခေါ်သူ ONE ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖိလစ်ပိုင်အားကစားသမား Brandon “The Truth” Vera နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များရန်ပုံငွေအဖွဲ့(WWF) ၏ သံတမန်တစ်ဦးအဖြစ် ခန့်အပ်ခံထားရသော အောင်လ၏မွေးရပ်မြေ မြန်မာနိုင်ငံ တွင် ဆင်၊ ကျား၊ ဝက်ဝံ၊ လိပ်အပါအဝင် အခြား တိရစ္ဆာန်မျိုးစိတ်များမှာ ၎င်းတို့ကျင်လည်ကျက်စားရာ သစ်တောများအတွင်း ကျူး ကျော်ဝင်ရောက်လာသော မုဆိုးများကြောင့် မျိုးတုန်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် WWF သည် မြန်မာနိုင်ငံအတွင်း မျိုးတုန်းပျောက်ကွယ်တော့မည့် တောရိုင်းတိရစ္ဆာန်များအား ကာကွယ်နိုင်ရန် လိုအပ်သည့် ကူညီထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်ပြီး Hardknocks 365 အသင်းသား အောင်လ၏ အကူအညီကိုလည်း ရယူခဲ့သည်။

အောင်လကို မွေးဖွားရာ ကချင်ပြည်နယ်သည် သဘာဝအလှတရားများ ပေါများကြွယ်ဝပြီး ရှားပါးတောရိုင်းတိရစ္ဆာန်များ ကျင်လည် ကျက်စားရာ တောတောင်များလည်း အများအပြားရှိသည်။ ကချင်တိုင်းရင်းသား အောင်လ၏ဖခင်ဖြစ်သူမှာ ကျောက်စိမ်းတူးဖော်သူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သောကြောင့် ကျောက်စိမ်းလုပ်ကွက်များ သို့သွားသည့်အခါ ဆင်များကိုအသုံးပြု၍ သွားလေ့ရှိသည်ဟု ၎င်းက ငယ်ဘဝ အမှတ်တရများကို ပြန်ပြောင်းဖွင့်ဟသည်။ “ကျွန်တော်တို့ငယ်ငယ်က အဖေက ဆင်တွေကို သုံးတယ်။ အဖေက ကျောက်စိမ်းတူးတဲ့သူဆိုတော့ ကျောက်စိမ်းမှော်တွေကိုသွားတဲ့အ ခါ ဆင်တွေနဲ့ပဲ သွားတယ်။ ဆင်တွေက ကျွန်တော်အနှစ်သက်ဆုံး တိရစ္ဆာန်တွေဖြစ်ပါတယ်။ WWFနဲ့လက်တွဲပြီး မြန်မာနိုင်ငံ မှာ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ရေးတွေလုပ်နိုင်မလားလို့ မေးလာတဲ့အခါမှာ ကျွန်တော်က လုပ်တာပေါ့လို့ ပြောခဲ့တယ်” ဟု ဆွစ်ဇာလန်တွင် ရုံးချုပ်ဖွင့်လှစ်ထားသော WWF နှင့် လက်တွဲဖြစ်ခဲ့ပုံအား နောက်ဆုံး ၆ ပွဲဆက်တိုက်အနိုင်ရထားသော မြစ်ကြီးနားဇာတိ အောင်လက ပြောသည်။ အသက် ၃၄ နှစ်အရွယ် အောင်လသည် တိရစ္ဆာန်ချစ်သူတစ်ယောက်ဖြစ်ပြီး မြန်မာ့ဒေသခံမျိုးစိတ် သား ရိုင်းတိရစ္ဆာန်များအတွက် အကျိုးပြုနိုင်မည့် မည်သည့်စီမံကိန်းကိုမဆို လက်တွဲကူညီ သွားမည်ဖြစ်သလို မည်သည့်အတွက်ကြောင့် မျိုး တုံးမည့်အခြေအနေသို့ ရောက်ရှိလာသနည်းဆိုသည်ကိုလည်း ဆန်းစစ်သွားမည်ဖြစ်သည်။

“ဒါက လူတွေကို ပိုသတိထားမိလာအောင် လုပ်ဖို့လိုတယ်။ မြန်မာနိုင်ငံမှာ ဆင်တွေက မျိုးတုန်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေ ရတယ်။ ဒါ့အပြင် အခြားသော တိရစ္ဆာန်မျိုးစိတ်တွေလည်း မျိုးတုန်းအန္တရာယ်နဲ့ ကြုံနေရတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက ပိုက်ဆံရလိုမှုအတွက် တိရစ္ဆာန်တွေရဲ့နယ်မြေတွေကို ကျူးကျော်ဝင်ရောက်ပြီး ဖမ်းဆီးသတ်ဖြတ်နေလို့ပါပဲ” ဟု ၎င်းက ရှင်းပြသည်။ WWF ၏ မှတ်တမ်းများအရ အာရှဆင်အရေအတွက်မှာ အကောင်ရေ ၅၀,၀၀၀ အောက်သာ ကျန်ရှိတော့ပြီး မြန်မာနိုင်ငံတွင်လည်း အကောင် ရေ ၂,၀၀၀ အောက်သာရှိတော့သည်။

အာရှဆင်အကောင်ရေ တဖြည်းဖြည်းနည်းပါးလာရခြင်းမှာ ဆင်မုဆိုးများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့်ဖြစ်ပြီး ဆင်စွယ်များ၊ ဆင်သား ရေများအား ရယူလိုခြင်းကြောင့် မြေပြင်ပေါ်တွင် အင်အားအကြီးဆုံးဟုဆိုနိုင်သောဆင်များ လျော့ပါးလာလျက်ရှိသည်။ ၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် WWF အနေဖြင့် ဆင်များကို အမဲလိုက်ခြင်းအားဆန့်ကျင်သည့် လုပ်ဆောင်မှုများအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၆၀,၀၀၀ ကျော် ပိုမိုပံ့ပိုးပေးနိုင်ခဲ့ပြီး ဆင်မုဆိုး ၁၃ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ မြန်မာအစိုးရကလည်း မှောင်ခိုဈေးကွက်အတွင်းမှ အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၃ သန်းတန်ဖိုးရှိသော ဆင်စွယ်များ၊ ဆင်သားရေချပ်များနှင့် အခြားတိရစ္ဆာန်များ၏ခန္ဓာကိုယ်အစိတ်အပိုင်းများ အား သိမ်းဆည်းကာ ဖျက်ဆီးခဲ့သည်။

“ဒါက အရမ်းကို ဝမ်းနည်းစရာကောင်းပါတယ်။ ဆင်တွေအတွက်ပဲ ပြောနေတာမဟုတ်ပါဘူး။ ကျားတွေနဲ့ အခြား တောရိုင်းတိရစ္ဆာန် တွေပါ သတ်ဖြတ်ခံနေရပါတယ်။ ပိုက်ဆံရဖို့အတွက် တိရစ္ဆာန်တွေကိုသတ်ဖြတ်နေတဲ့ မုဆိုးတွေအနေနဲ့လည်း အဲလို မလုပ်သင့်ပါဘူး” ဟု အောင်လက မေတ္တာရပ်ခံခဲ့သည်။ ထို့အပြင် ၎င်းက တောဆင်ရိုင်းများ၏အသက်ကိုကာကွယ်ရန် ဆင်စွယ်များ၊ ဆင်နှင့်ပတ်သက် သောအသုံးအဆောင်ပစ္စည်းများကို မဝယ်ယူရန် တိုက်တွန်းခဲ့သလို မြန်မာနိုင်ငံမှ တောရိုင်းတိရစ္ဆာန်များအား တရားမဝင်ရောင်းဝယ် ဖောက်ကားနေခြင်းများ အဆုံးသတ်နိုင်ရေးအတွက် ပါဝင်ကူညီပေးရန် ကမ္ဘာတစ်လွှားမှ ၎င်း၏မိတ်ဆွေများကို တောင်းဆိုသည်။
လူမှုကွန်ရက်တွင် ထောက်ခံအားပေးသူ သန်းနှင့်ချီရှိနေသော အောင်လသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အဓိကသတင်းများအား ၎င်း၏ လူမှုကွန်ရက်များမှတစ်ဆင့် ကမ္ဘာကသိရှိအောင် ရေးသားတင်ပြလေ့ရှိသည်။ လက်ရှိအချိန်တွင် ပြိုင်ပွဲယှဉ်ပြိုင်ရန် လေ့ကျင့်မှု များ အဆက်မပြတ်ပြုလုပ်နေသော အောင်လက သားရိုင်းတိရစ္ဆာန်များနှင့် ပတ်သက်၍ ၎င်း၏လူမှုကွန်ရက်တွင် ရေးသားတင်ပြသွား မည်ဟုလည်း ပြောသည်။ လူမှုကွန်ရက်မှာ ပိုကောင်းသည့်အနာဂတ်ကို တည်ဆောက်နိုင်ရေးအတွက် အရေးပါသည့်အရာဖြစ်ပြီး ပိုကောင်းသည့်ကမ္ဘာကို အတူ တည်ဆောက်သွားကြမည်ဟုလည်း အောင်လက တိုက်တွန်းသည်။

ONE: CENTURY သည် သမိုင်းတစ်လျှောက်အထူးခြားဆုံး ကိုယ်ခံပညာအားကစား ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးဖြစ်ပြီး ကိုယ်ခံပညာအားကစားအသီးသီးမှ ကမ္ဘာ့ချန်ပီယံပေါင်း ၂၈ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ နှစ်ပွဲကို တစ်ရက် တည်းကျင်းပသည်ဟူ၍ မရှိဖူးသေးပါ။
ONE Championship သည် ကမ္ဘာ့ချန်ပီယံဘွဲ့ပြိုင်ပွဲပေါင်းစုံကို တစ်ရက်တည်း၌ ကျင်းပယှဉ်ပြိုင်စေခြင်းဖြင့် နယ်ပယ်အသစ်တစ်ခုကို ဖော်ထုတ်ခဲ့ပြီ ဖြစ်သည်။ လာမည့်အောက်တိုဘာ ၁၃ရက်၌ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နာမည်ကျော် Ryogoku Kokugikan အားကစားရုံ တွင် ကမ္ဘာ့ဂရင်းပရီချန်ပီယံရှစ် ဗိုလ်လုပွဲသုံးပွဲ၊ ကမ္ဘာ့ချန်ပီယံချင်းယှဉ်ပြိုင်မည့်ပွဲများစွာပါဝင် ကျင်းပသွားမည်ဖြစ်သည်။

ONE: CENTURY I ပြိုင်ပွဲကို အောက်တိုဘာ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ရှေ့ထွက်တွဲဆိုင်းများကို Skynet Sports 3 မှ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။ အဓိကခေါင်တွဲဆိုင်းများကိုတော့ Skynet Sports 3 အပြင် အခမဲ့ရုပ်သံလိုင်း MNTV မှလည်း နံနက် ၉ နာရီခွဲတွင် တိုက်ရိုက်ပြသပေးသွားမည်ဖြစ်သည်။

ONE: CENTURY II ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက် မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲအချိန်မှစတင်ကာ Skynet Sports 3 မှ ပြသမည်ဖြစ်သလို အဓိကတွဲဆိုင်း များကိုလည်း အဆိုပါရုပ်သံလိုင်းမှ ဆက်လက်ပြသမည်ဖြစ်သည်။ ထို့အပြင် အခမဲ့ရုပ်သံလိုင်း MRTV Entertainment မှလည်း ဒေသစံ တော်ချိန် ညနေ ၅ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်သည်။

Team( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top