အိမ်သာတက်ရင်း ဖုန်းသုံးတဲ့သူတွေ သတိထား

yyl-7-9-047.jpg

လူအများစုက အိမ်သာထဲကို ဖုန်းယူသွားတတ်ကြတယ်မလား။ အိမ်သာတက်ရင်း ဖေ့စ်ဘွတ်ခ်သုံးဖို့ ဖုန်းယူသွားကြတာများပြီး ကျွန်တော်တို့နဲ့တစ်ချိန်လုံးပဲ ဖုန်းနဲ့မခွာဘဲ ရှိနေတတ်ကြပါတယ်။ တကယ်တော့ ဒါက အန္တရာယ်ရှိတဲ့အပြုအမူပါပဲ။ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက အိမ်သာထဲမှာ ဖုန်းသုံးတာက လိပ်ခေါင်းရောဂါ ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ

အိမ်သာမှာ ရောဂါပိုးမွှားတွေနဲ့ ဘတ်တီးရီးယားများစွာရှိပြီး ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိထားကြပါတယ်။ ဒါပေမဲ့ အခုဆိုရင် ဖုန်းသုံးရင်း အိမ်သာထဲမှာ အချိန်ကုန်ဆုံးဖြစ်နေတာက ပြဿနာပါပဲ။ အိမ်သာထဲမှာ ဖုန်းသုံးနေရင် အချိန်ကြာကြီးထိုင်မိစေပါတယ်။ အချိန်ကြာကြီးထိုင်တာက စအိုလမ်းကြောင်းမှာရှိတဲ့ စအိုဝရဲ့သွေးပြန်ကြောတွေကို ပိုပြီးဖိအားပေးသလိုဖြစ်စေပြီး လိပ်ခေါင်းရောဂါ ဖြစ်လာနိုင်စေပါတယ်။ နာကျင်တာ၊ ရောင်ရမ်းတာ၊ သွေးထွက်တာကဲ့သို့ လက္ခဏာရပ်တွေလည်း ဖြစ်လာနိုင်ချေရှိပါတယ်။

ဒီလိုဖြစ်တာက ဖုန်းကြောင့်မဟုတ်ပေမဲ့ ဖုန်းသုံးရင်း အိမ်သာထဲ အချိန်ကြာကြီးထိုင်နေတာက တကယ်ပြဿနာပါပဲ။ ကျွန်တော်တို့တွေက အိမ်သာထဲမှာ ဖုန်းသုံးရင် အချိန်သတိမထားမိဘဲ အကြာကြီးထိုင်မိသွားကြပါတယ်။ YouGov စာတမ်းကောက်ချက်များအရလည်း လူတော်တော်များများက အိမ်သာတက်ရင်း ဖုန်းသုံးကြတယ်လို့ ဝန်ခံထားကြပါတယ်။

ဒါကြောင့် သင်က တစ်ချိန်လုံး ဖုန်းသုံးတဲ့သူ၊ အိမ်သာထဲ ဖုန်းသုံးတဲ့သူဆိုရင် ဒီလိုရောဂါမျိုးမဖြစ်အောင် ဂရုစိုက်ဖို့လိုလာပါပြီ။ ဒါတင်မကသေးပါဘူး။ အိမ်သာက သင့်ဖုန်းမှာ ကပ်ညှိနိုင်တဲ့ အစာအဆိပ်သင့်စေတဲ့ပိုး၊ အီး ကိုလိုင် (E. Coli) ဆိုတဲ့ ဘတ်တီးရီးယားပိုး၊ စီပိုးတွေခိုအောင်းရာ နေရာလည်းဖြစ်ပြီး နောက်ပိုင်းမှာ ခန္ဓာကိုယ်ကို ဝင်ရောက်လာနိုင်တာကြောင့် အိမ်သာတက်ရင်း ဖုန်းအကြာကြီးမသုံးမိအောင် သတိထားသင့်ပါတယ်နော်..။

Ref: Using smartphone in the loo may give you piles

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top