Taptic Engine အသစ်နဲ့အတူ ကျောဘက်ကင်မရာ (၃) လုံးနဲ့ ထွက်လာဖို့ရှိနေတဲ့ iPhone 11

iphone-2019-gold-render-2-1920x1080.jpg

နာမည်ကြီး Apple ကတော့ သူတို့ရဲ့ iPhone မော်ဒယ်လ်အသစ်ကို ဖော်ထုတ်ပြသဖို့တာစူနေပါပြီ။ မျက်မြင်တွေ့ ရပြီးတဲ့သူတွေကတော့ ဒီ iPhone မှာ ကျောဘက်ကင်မရာ (၃) လုံးပါဝင်လာပြီး 3D touch လုပ်ဆောင်ချက် အတွက် ‘leap haptics’ လို့ကုဒ်အမည်ပေးထားတဲ့ “Taptic (Tap+Haptic Feedback) အင်ဂျင်အသစ်ကို အဆင့်မြှင့် တင်တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အခု အဆင့်မြှင့်တင်ပေးထားမှုတွေထဲမှာ USB-C port တော့ မပါဝင်နေပါဘူး။ အရင်ဖုန်းမော်ဒယ်လ်တွေမှာသုံးခဲ့တဲ့ Lightning Port မျိုးကိုပဲ ဆက်လက် တွေ့နေရဦးမှာ ဖြစ်ပါတယ်။

သေချာတာကတော့ ဒီ iPhone အသစ်ရဲ့ အကြီးမားဆုံးပြောင်းလဲမှုကို ကင်မရာ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲပိုင်းမှာ တွေ့ရပါလိမ့်မယ်။ အသစ်ထပ်ထည့်သွင်းပေးလိုက်တဲ့ Lens က မြင်ကွင်းကျယ်ပုံတွေရိုက်ကူးနိုင်တဲ့ စွမ်းဆောင် ရည်ပါဝင်မှာပါ။ ဒါကြောင့် ပိုကြီးမားကျယ်ပြန့်တဲ့ပုံရိပ်မျိုးကို အသေးစိတ်ကျကျ ရိုက်ကူး ယူနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရိုက်ကူးလိုက်တဲ့ပုံရိပ်တွေရဲ့ ဖရိမ်ပြင်ပကအပိုင်းတွေကိုပါ ပါဝင်အောင်ရိုက်နိုင်စေမဲ့ “Smart Frame” ဆိုတဲ့လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဆဲလ်ဖီကင်မရာကိုလည်း အနှေးပြကွက်ရိုက်ကူးရာမှာ တစ်စက္ကန့်ကို ဖရိမ် (၁၂၀) နဲ့ ရိုက်နိုင်ဖို့ အဆင့်မြှင့်ပေးထားပါတယ်။

iPhone အသစ်ရဲ့ Resolution ပိုင်းက အရင် iPhone X မော်ဒယ်လ်တွေကအတိုင်းပဲလို့ The Verge က ဆိုထား ပါတယ်။ လာမယ့်ဆောင်းဦးပေါက်လောက်မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ရောင်းဈေးကို အတိအကျမသိရ သေးပါဘူး။ အမေရိကန်နဲ့ တရုတ်အကြားက ကုန်သွယ်ရေးဆိုင်ရာအငြင်းပွားစရာတွေကြောင့် ဒီဖုန်းရဲ့ဈေးနှုန်းက ဖောင်းပွနိုင်ကြောင်းနဲ့ ပုံမှန်ရှိခဲ့ဖူးတဲ့ရောင်းဈေးထက် ဒေါ်လာ (၃၀၀) ကျော်လောက်ထိ ကွာဟနိုင်ချေရှိကြောင်း ကိုလည်း ကျွမ်းကျင်သူတွေက ပြောဆိုနေကြပါတယ်။

Ref: DailyMail “Apple’s next device could come with new ‘taptic engine’ and THREE cameras”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top