ချစ်သူပရိုဂျူဆာနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ ဆယ်လီနာ ဂိုမက်

12.12.2024-yyl-6.jpg

ကမ္ဘာကျော်အဆိုတော်မင်းသမီး ဆယ်လီနာ ဂိုမက်ဟာ သူ့ချစ်သူပရိုဂျူဆာ ဘန်နီ ဘလန်ကိုနဲ့ စေ့စပ်လိုက်ပါပြီ။

ဆယ်လီနာက သူ စေ့စပ်လိုက်ပြီဆိုတာကို ဒီဇင်ဘာ ၁၁ ရက်နေ့က စေ့စပ်လက်စွပ်အနီးကပ်ပါပြီး စေ့စပ်တာကို ဆင်နွှဲနေရင်း အပြုံးကိုယ်စီနဲ့ ပွေ့ဖက်ထားတဲ့ သူတို့နှစ်ဦးရဲ့ပုံနဲ့အတူ သူ့အင်စတာဂရမ်ကတဆင့် အသိပေးခဲ့တာပါ။ “အခု အမြဲထာဝရဆိုတာကြီး စတင်ပါပြီ”ဆိုတဲ့ စာသားလည်း ရေးခဲ့ပါတယ်။ ဘလန်ကိုကလည်း “ဟေး…နေဦး ဒါ ငါ့မိန်းမပဲ”လို့ ကွန်မန့်ပေးခဲ့ပါတယ်။

ဆယ်လီနာနဲ့ ဘလန်ကိုတို့က ၂၀၁၉ ခုနှစ်ရဲ့ I Can’t Get Enough သီချင်းအတွက် ထွက်ရှိကတည်းက နှစ်တော်တော်ကြာ အချင်းချင်းသိခဲ့ကြတာပါ။ ၂၀၂၃ ခုနှစ် ဇွန်လမှာ သူတို့နှစ်ဦး တွဲခဲ့ကြပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာကျမှ သူတို့ရဲ့ဆက်ဆံရေးအကြောင်းကို အသိပေးခဲ့တာပါ။ ဇန်နဝါရီလက ကျင်းပခဲ့တဲ 2024 Emmys ပွဲကို သူတို့နှစ်ဦးအတူတူတက်ရောက်ခဲ့ကြပါတယ်။

Ref: Selena Gomez and Benny Blanco Are Engaged: ‘Forever Begins Now’

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top