အမှတ်လျှော့ခဲ့လို့ အရှုပ်ထွေးတွေဖြစ်နေတဲ့ တိုကျိုဆေးတက္ကသိုလ်

180803112951-tokyo-medical-university-super-tease.jpg

ဂျပန်နိုင်ငံတိုကျို ဆေးတက္ကသိုလ်ဟာ အခုနှစ် အစောပိုင်းကစတင်တဲ့ ဆေးပညာအတန်းတွေအတွက် ဝင်ခွင့်ပထမအဆင့်မှာ အမျိုးသမီး လျှောက်ထားသူတွေရဲ့ ရမှတ်တွေကို လျှော့ချခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

ဒါဟာ တိုကျိုဆေး တက္ကသိုလ်မှာ သင်ကြားခွင့်ပေးမယ့် အမျိုးသမီး အရေအတွက်ကို ထိန်းထားဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ တက္ကသိုလ်တာဝန်ရှိသူတွေက ပြောပါတယ်။

တိုကျို ဆေးပညာတက္ကသိုလ်ဟာ လတ်တလောမှာ လာဘ်ပေးလာဘ်ယူမှု အရှုပ်တော်ပုံတစ်ခုနဲ့ ရင်ဆိုင်နေရတာပါ။ ပြီးခဲ့တဲ့ လတုန်းက တိုကျိုဥပဒေရေးရာ စုံစမ်း စစ်ဆေးရေး အရာရှိတွေက အဲဒီတက္ကသိုလ်ရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ အကြီးအကဲဟောင်းနဲ့ ကျောင်းအုပ်ကြီးဟောင်းတို့ကို ပညာရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ကြေးအစီအစဉ်တစ်ခုအတွက် မျက်နှာသာပေးခဲ့တာအပေါ် အတုံ့အပြန်အဖြစ် အဲဒီဝန်ကြီးဌာနက အကြီးတန်းအရာရှိတစ်ဦးရဲ့ သားဖြစ်သူကို တရားမဝင်တဲ့နည်းနဲ့ ကျောင်းဝင်ခွင့်ပေးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးခဲ့ပါတယ်။အ ခုလိုမျိုးလုပ်ဆောင်တာဟာ ၂၀၁ဝခုနှစ်မှာ ဝင်ခွင့်အောင်တဲ့ အမျိုးသမီး အရေအတွက်က ၃၀% အထိရှိလာခဲ့တဲ့ နောက်ပိုင်းမှာ စတင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အဲဒီလုပ်ဆောင်ချက်ကို အများသိအောင် ထုတ်ဖော်ခဲ့ခြင်း မရှိပါဘူးလို့ ဂျပန်သတင်းတွေကဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ ဌာနတွင်း စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်နေပြီး တစ်ပတ်အတွင်း တွေ့ရှိချက်တွေကို ထုတ်ဖော်နိုင်ဖို့မျှော်လင့်ကြောင်း တိုကျိုတက္ကသိုလ်ကပြောပါတယ်။ အမျိုးသမီး ဆရာဝန်အများအပြားဟာ အိမ်ထောင်ပြု၊ မီးဖွားပြီးနောက်ပိုင်းမှာ အချိန်ရှည်အလုပ်တွေ၊ အရေးပေါ် ဆင့်ခေါ်မှုတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ ခက်ခဲလာပြီး ဆေးရုံတွေ ချောချောမွေ့မွေ့ လည်ပတ်လုပ်ဆောင်ရေးအတွက် အဟန့်အတားဖြစ်စေတယ်လို့ ယူဆနေကြကြောင်း ဆေးတက္ကသိုလ် အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။

Ref: CNN ‘Japanese medical school allegedly rigged exams to keep women out’

Kaung Htet Ngwe ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top