မျောက်ဝံမလေး အန်ဒါကာဆီရဲ့ ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ်

20-7-2022-02.jpg

အန်ဒါကာဆီဆိုတဲ့ မျောက်ဝံမလေးနဲ့ အန်ဒရီဘောမားတို့ရဲ့ ဇာတ်လမ်းက သနားဖို့ ကောင်းတယ်။ အန်ဒါကာဆီဆိုတာ ဓာတ်ပုံရိုက်နေတုန်း ပို့စ်ပေးသလို လုပ်ပြခဲ့လို့ လူသိများ ထင်ရှားခဲ့တဲ့ မျောက်ဝံမလေးပါ။

၂ လသားအရွယ်မှာ သေနတ်သမားတွေက သူ့အမေ မျောက်ဝံမကြီးကို ပစ်သတ်ခဲ့လို့ မိတဆိုး ဖြစ်ခဲ့ရတယ်။ အသက်မရှိတော့တဲ့ မျောက်ဝံမကြီးခန္ဓာကိုယ်ကို တွယ်ကပ်နေတဲ့ မျောက်ဝံမလေးကို ကွန်ဂိုဘေးမဲ့တော အာဏာပိုင်တွေက တွေ့ရှိခဲ့တာပါ။

အဲဒီအချိန်ကစပြီး အန်ဒရီဘောမားက သူ့ကို မွေးမြူစောင့်ရှောက်ပေးခဲ့တယ်။ အချိန် ၁၀ နှစ်ကျော် ကြာမြင့်တဲ့နောက်မှာ သူတို့ရဲ့သံယောဇဉ်ကလည်း ပိုခိုင်မာလာခဲ့တယ်။ မျောက်ဝံမလေးက အန်ဒရီဘောမားနောက် တကောက်ကောက်လိုက်လေ့ရှိပါတယ်။

အန်ဒါကာဆီက နာတာရှည်ရောဂါဖြစ်ပြီး နောက်ဆုံးအချိန်အထိ အန်ဒရီဘောမားနားမှာပဲ နေခဲ့ပြီး သူ့လက်ပေါ်မှာပဲ သေသွားခဲ့တာပါ။ မျောက်ဝံမလေး သေဆုံးခဲ့ချိန်က ၂၀၁၉ ခုနှစ် ဖြစ်ပါတယ်။

Ref:Ndakasi, Selfie Sensation Gorilla Of 2019 Dies In Arms Of The Man Who Rescued Her As An Infant

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top