အလင်းမှီစုဖွဲ့မှုလုပ်နိုင်တဲ့ သစ်ရွက်သိုး

20-7-2022-06.jpg

ကိုစတာဆီယယ်လာကူရိုရှီးမားဆိုတဲ့ ပင်လယ်ပက်ကျိဟာ ပင်လယ်ကြမ်းပြင်မှာ တွေ့ရလေ့ရှိပြီး အလျား ဝ.၅ မီလီမီတာကနေ ၁ စင်တီမီတာအရွယ်အစားရှိပါတယ်။


ခန္ဓာကိုယ်က သစ်ရွက်ပုံစံဖြစ်နေပြီး ဦးချို ၂ ချောင်းထွက်နေလို့ သစ်ရွက်သိုး(Leaf Sheep)လို့ ခေါ်ကြလေ့ရှိပါတယ်။ ဦးချိုမှာပါတဲ့ အမွေးနုလေးတွေဟာ ရေထဲက ဓာတ်ကို အာရုံခံပြီး အစားအစာရင်းမြစ်ကို ရှာဖွေနိုင်အောင် ကူညီပေးပါတယ်။

ပင်လယ်ပက်ကျိဟာ အလင်းမှီစုဖွဲ့ခြင်း ဇီဝဓာတုစနစ် ( နေရောင်ခြည်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ကို စားသုံးပြီး အောက်ဆီဂျင် ပြန်ထုတ်ပေးမှု)ရှိတဲ့ ရှားပါးသတ္တဝါတစ်ကောင် ဖြစ်ပါတယ်။ ရေညှိတွေထဲက ကလိုရိုပလက်စ်ကို စားသုံးပြီး အလင်းမှီစုဖွဲ့မှုလုပ်တာပါ။

၁၉၉၃ ခုနှစ်က ဂျပန်နိုင်ငံ ကူရိုရှီးမားကျွန်း ကမ်းလွန်ဘက်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဂျပန်၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံ ရေပိုင်နက်တွေအနီးမှာ တွေ့ရလေ့ရှိပါတယ်။

Ref: Costasiella kuroshimae

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top