ဒိန်းမတ်ကျောင်းသားတစ်ယောက်က ဗိုက်ကင်းခေတ် ငွေလက်ပတ် ၇ ကွင်း ရှာဖွေတွေ့ရှိ

27.8.2024-yyl-15.jpg

ဒိန်းမတ်ကျောင်းသားတစ်ယောက်ဟာ ဗိုက်ကင်းလက်ထက်က ငွေလက်ပတ် ၇ ကွင်းကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကျောင်းသား ဂူစတက်ဘရွန်းစဂတ်ဟာ အာဟက်မြို့မှာ သတ္တုရှာဖွေနေတုန်း ငွေလက်ပတ်တစ်ကွင်း တွေ့ရှိခဲ့တာပါ။ နောက်တစ်ပတ်အကြာမှာ ဘရွန်းစဂတ်က ဒီနေရာကို ထပ်လာရှာခဲ့ပြီး နောက်ထပ်လက်ပတ် ၆ ကွင်း ထပ်တွေ့ခဲ့တာပါ။

ဘရွန်းစဂတ်က ငွေလက်ပတ်တွေက ဟို့ဘတ်မြို့မှာရှိတဲ့ မိုးစ်ဂတ်ပြတိုက်ထံ ပေးပို့ခဲ့ပြီး ပညာရှင်တွေရဲ့ စစ်ဆေးချက်အရ ၉ ရာစုအစောပိုင်းက ဗိုက်ကင်းတွေ ဝတ်ဆင်ခဲ့တဲ့ ငွေလက်ပတ်တွေဖြစ်မယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ အဲဒီငွေလက်ပတ် ၇ ကွင်းဟာ အလေးချိန် တစ်ကီလိုဂရမ်ကျော်ရှိပြီး တစ်ကွင်းချင်းစီဟာ အလွယ်တကူ တန်ဖိုးဖြတ်နိုင်စေမယ့် အချိန်အတွယ်မျိုးနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။

ငွေလက်ပတ် တစ်ကွင်းကတော့ ရုရှား သို့မဟုတ် ယူကရိန်းကနေ ဆင်းသက်လာတဲ့ လက်ရာပုံစံမျိုးဖြစ်ပြီး လက်ပတ် ၃ ကွင်းက စကင်ဒီနေးဗီးယန်းတောင်ပိုင်းပုံစံ၊ နောက်ထပ်လက်ပတ် ၃ ကွင်းက စကင်ဒီနေးဗီးယားနဲ့ အင်္ဂလန်နိုင်ငံမှပုံစံမျိုးပါ။

” မြောက်အတ္တလန္တိတ်ကနေ အာရှအထိ ပျံ့နှံ့တဲ့ ဗိုက်ကင်းကမ္ဘာမှာ အာဟက်မြို့က ဘယ်လောက်အထိ အချက်အချာကျသလဲဆိုတာကို ဒီတွေ့ရှိမှုက သက်သေခံနေပါတယ်” လို့ ပြတိုက်မှ သမိုင်းပညာရှင် အန်ဒါဆင်က ပြောပါတယ်။

Ref:Seven ‘Spectacular’ Silver Bracelets from the Viking Age Unearthed by a Danish Student
NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top