အုတ်ခဲတွေကို စုဆောင်းရတာ ဝါသနာကြီးတဲ့ (၈၃) နှစ်အရွယ် အဘိုးအို

39d4b71fd74143bb873d8369cbd8bcce.jpg

အသက် ၈၃ နှစ်အရွယ် ပင်စင်စား အဘိုးအို နေးလ်ဘရစ်တယ်ဘန့်ခ် (Neil Brittlebank ) ကတော့ အုတ်ခဲတွေ စုဆောင်းရတာ ဝါသနာပါသူတစ်ဦး ဖြစ်ပါတယ်။ ဝါသနာပါရာကို ဆောင်ရွက်ရင်း ဗြိတိသျှ ကျောက်မီးသွေးမိုင်းတွင်းရဲ့ သမိုင်းကို ရှင်သန်အောင် ထိန်းသိမ်းပေးနေတယ်ဆိုလည်း မမှားပါဘူး။

၁၉၈၄ ခုနှစ် ကျောက်မီးသွေး မိုင်းတွင်းတွေ ပိတ်ချိန်တည်းက သူ့ရဲ့ဝါသနာစတင်ခဲ့ပြီး အုတ်ခဲတွေကို လေလွင့်ဆုံးရှုံးခံလိုက်ရတာက ရှက်စရာလို့ သူက ခံယူထားပါတယ်။ အုတ်ခဲဝါသနာရှင်ကြီး ၃၅ နှစ်တာမှာ စုဆောင်းလာတဲ့ အုတ်ခဲ အရေအတွက်က ခုဆိုရင် အလုံး ၃၅၀ ရှိသွားပြီ ဖြစ်ပြီး တချို့ အုတ်ခဲတွေကို မိုင်းတွင်းဟောင်းက ရသလို တချို့ကိုတော့ သူ့ရဲ့စိတ်အားထက်သန်မှုကို လေးစားလို့ လာလှူတဲ့ အလှူရှင်တွေဆီက ရခဲ့ပါတယ်။

ဒါကငြီးငွေ့ဖို့ကောင်းတဲ့ ဝါသနာလို့ အများအမြင်မှာ ထင်ကောင်းထင်မှာပေမဲ့ အဘိုးအတွက်ကတော့ ဒီအုတ်ခဲတွေက ဗြိတိသျှ စက်မှုသမိုင်းမှာ တစ်စိတ်တစ်ဒေသ ထမ်းဆောင်ခဲ့တဲ့ အရာတွေလို့ မှတ်ကျောက်တင်ထားတာ ဖြစ်ပါတယ်။

“ဒီအုတ်ခဲတွေကို စစုတည်းက ဗစ်တိုးရီးယား ဘုရင်မကြီး ရတုသဘင်မှာ သုံးခဲ့တဲ့ အုတ်ခဲတွေကို ရခဲ့တယ်။ လွန်ခဲ့တဲ့ ၁၈၈၇ ခုနှစ်လောက်ကို ပြန်ရောက်သွားစေတဲ့ ဒီအုတ်ခဲတွေကို Wolverhampton အနီးမှာ ပြုလုပ်ခဲ့တာပါ။ အပေါ်မှာလည်း စာသားတံဆပ်တွေ ရိုက်နှိပ်ထားပါသေးတယ်” လို့ အဘိုးအိုက ဆိုပါတယ်။

ဒီလိုမျိုး အုတ်ခဲတွေကို ပိုက်ဆံနဲ့ဝယ်ပြီး စုဆောင်းစရာ မလိုပေမဲ့ အုတ်ခဲ ရှာပုံတော်ဖွင့်ဖို့အတွက်တော့ ခရီးတွေနှင်ရတာ ဖြစ်ပါတယ်။ ဒီလိုခရီးတွေ နှင်တိုင်းလည်း ဘေးနားမှာ ပါရမီဖြည့်ပေးတဲ့ ဇနီးသည် မော်ရင်က အဘိုးနဲ့အတူ လိုက်ပါပေးလေ့ရှိပါတယ်။

Ref: CGTN ”Meet the 83-year-old British man who’s committed to collecting bricks”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top