မြောက်ကိုရီးယားနိုင်ငံမှာ COVID-19 ကူးစက်ခံရမှုမရှိဆိုတဲ့ ကြေညာချက်အပေါ် သံသယရှိနေ

intltoday005.jpg

မြောက်ကိုရီးယားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူတစ်ယောက်မျှ မရှိဘူးဆိုတဲ့ ထုတ်ပြန်ချက်ကို အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက သံသယရှိနေကြပါတယ်။ တင်းကျပ်တဲ့ ရောဂါထိန်းချုပ်ရေးစည်းမျဉ်းတွေ ချမှတ်ခဲ့ပြီး နယ်စပ်တွေကို ပိတ်ဆို့ခဲ့လို့ COVID-19 ကူးစက်ခံရသူမရှိတာလို့ မြောက်ကိုရီးယားအာဏာပိုင်တွေက ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ထုတ်ပြန်ချက်က မဖြစ်နိုင်လောက်ဘူး၊ မှန်ကန်မှုမရှိဘူးလို့ တောင်ကိုရီးယားနိုင်ငံရဲ့ အမေရိကန်စစ်တပ် တပ်မှူးတစ်ယောက်က ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ အစုလိုက်အပြုံလိုက် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေဖွယ်မရှိပေမဲ့ COVID-19 ကူးစက်ခံထားရသူတွေတော့ ရှိလိမ့်မယ်လို့ မြောက်ကိုရီးယားနိုင်ငံသား ကျွမ်းကျင်ပညာရှင်တစ်ယောက်က ပြောပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်ခံထားရသူ ၁ သန်းကျော် ရှိနေပြီး သေဆုံးသူ ၅၃၀၆၉ ယောက် ရှိတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top