အမြွှာရင်သွေးလေး နှစ်ဦးမှာ တစ်ဦးက ယောကျာ်းလေး၊ တစ်ဦးက မိန်းကလေးဖြစ်ပြီး မိခင်ရော၊ ရင်သွေးတွေပါ ကျန်းကျန်းမာမာ ရှိကြတယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ အခုလို မွေးဖွားခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန် ၃၁ ပတ်မှာ လမစေ့ဘဲ မွေးဖွားခဲ့တာဖြစ်လို့ ကလေးတွေကို ဖန်ပေါင်းချောင်ထဲမှာ အထူးကြပ်မတ်ပြုစုခဲ့ရပါတယ်။

မိသားစုဝင် အရေအတွက် တိုးပွားလာချင်တဲ့ နာမူကွာယာဟာ အရွယ်အိုမင်းနေပြီဖြစ်လို့ မီးဖွားနိုင်တော့မှာမဟုတ်ဘူးလို့ ထင်ကြေးပေးခံရပေမဲ့ သူကိုယ်တိုင်ရဲ့ စိတ်ဓာတ်ခိုင်မာမှု၊ ယုံကြည်မှု၊ သိပ္ပံပညာရဲ့ အကူအညီနဲ့အတူ အဟန့်အတားတွေကို ကျော်လွှားနိုင်ခဲ့တာပါ။
နာမူကွာယာလိုပဲ အိန္ဒိယနိုင်ငံမှ အသက် ၇၃ နှစ်အရွယ် အဘွားအိုတစ်ဦးကလည်း ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားခဲ့ဖူးပါတယ်။
Ref: Seventy-year-old Ugandan woman gives birth to twins – hospital
NZ ( ရိုးရာလေး)

