ထိုင်းမီဒီယာသူဌေး လိင်ပြောင်းအမျိုးသမီးက မယ်စကြဝဠာပြိုင်ပွဲ စီစဉ်ကျင်းပတဲ့ကုမ္ပဏီကို ဝယ်ယူ

26-10-2022-yyl-11.jpg

လိင်ပြောင်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ မီဒီယာသူဌေး အန်နီဂျာကာပေါင်ဟာ မယ်စကြဝဠာပြိုင်ပွဲ စီစဉ်ကျင်းပတဲ့ ကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်း ၂၀ နဲ့ ဝယ်ယူလိုက်ပါပြီ။ ဂျာကာပေါင်ဟာ ထိုင်းနိုင်ငံမှာ ရုပ်သံရှိုးတွေ စီစဉ်ကျင်းပတဲ့ JKN Global Group ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ ဂျာကာပေါင်ကိုယ်တိုင်ကလည်း ထိုင်းဗားရှင်းနဲ့ ထုတ်လွှင့်တဲ့ Project Runway ၊ Shark Tank အစရှိတဲ့ ရုပ်သံရှိုးတွေမှာ ပါဝင်ခဲ့သူပါ။

မယ်စကြဝဠာပြိုင်ပွဲကို လာမယ့်နှစ်ကစပြီး အိမ်ထောင်ရှင်အမျိုးသမီးတွေ၊ ကလေးရှိတဲ့ အမျိုးသမီးတွေကိုပါ ပါဝင်ယှဉ်ပြိုင်ခွင့် ပေးကာ အားလုံးပါဝင်နိုင်တဲ့ ပြိုင်ပွဲတစ်ရပ်အဖြစ် အသွင်ပြောင်းဖို့ စီစဉ်နေချိန်မှာ ဂျာကာပေါင်က အခုလို ကုမ္ပဏီကို ဝယ်ယူခဲ့တာပါ။

Miss Universe Organization ဟာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပူးတွဲပိုင်ဆိုင်ခဲ့တဲ့ကုမ္ပဏီဖြစ်ပြီး မယ်စကြဝဠာပြိုင်ပွဲကို ၇၁ နှစ်တိုင်တိုင် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့တာပါ။

Ref:Thai transgender tycoon buys Miss Universe contest

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top