သူ့ရဲ့အကြီးမားဆုံးအိပ်မက်က ကလေးတွေကို ခင်ပွန်းဖြစ်သူနဲ့ ပြုစုပျိုးထောင်ဖို့ဖြစ်ပေမဲ့ဖြစ်ခွင့်မရတော့ဘူးဆိုတဲ့ ရှာကီရာ

26.9.23-yyl-1.jpg

ပြီးခဲ့တဲ့နှစ်က ဘာစီလိုနာ နောက်ခံလူ ပီကေးနဲ့ လမ်းခွဲခဲ့တဲ့ ရှာကီရာဟာ အင်တာဗျူးတစ်ခုမှာ သူ့သားတွေကို ပြုစုပျိုးထောင်တာနဲ့ပတ်သက်ပြီး အကြီးမားဆုံးအိပ်မက်ကို ထုတ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခု အဲ့ဒီအိပ်မက်က ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်ပါဘူးတဲ့။ သူ့ရဲ့အကြီးမားဆုံးအိပ်မက်က ပလက်တီနမ်အယ်လ်ဘမ်နဲ့ ဂရမ်မီဆုတွေကို စုဆောင်းရတာထက် သူ့သားတွေကို သူတို့ရဲ့အဖေဖြစ်သူနဲ့အတူ ပြုစုပျိုးထောင်ရဖို့၊ အတားအဆီးတွေကို ကျော်လွှားပြီး အတူတူ ကြီးပြင်းစေဖို့ပါတဲ့။

“မိသားစုပျက်စီးသွားတဲ့နာကျင်မှုအတွက် ဘယ်အရာကမှ လျော်ကြေးမပေးနိုင်ဘူးလို့ ထင်တယ်။ ဟုတ်ပါတယ်၊ ကျွန်မရဲ့ကလေးတွေရဲ့အကျိုးကို မျှော်ကိုးပြီး ရှေ့ဆက်သွားရမှာပါ။ ဒါက ကျွန်မရဲ့အကြီးမားဆုံးတွန်းအားပါပဲ။ ဒါပေမဲ့ ပလက်တီနမ်အယ်လ်ဘမ်တွေနဲ့ ဂရမ်မီဆုတွေစုဆောင်းရတာထက် ကျွန်မရဲ့အကြီးမားဆုံးအိပ်မက်က ကျွန်မရဲ့သားတွေကို သူတို့အဖေနဲ့ပြုစုပျိုးထောင်ရဖို့ပါပဲ။ အတားအဆီးတွေကို ကျော်လွှားပြီး အတူတူကြီးပြင်းသွားဖို့ပါ။ အခု ဒါမဖြစ်နိုင်တော့ဘူးဆိုတာ ကျွန်မသိတယ်”လို့ ရှာကီရာကဆိုပါတယ်။

မိသားစုက ရှာကီရာရဲ့ဘဝမှာ အမြဲအရေးပါခဲ့တာပါ။ မိသားစုအတွက် သူ့ရဲ့အသက်မွေးဝမ်းကျောင်းကို နှစ်တော်တော်ကြာ ခေတ္တရပ်ထားခဲ့ပါသေးတယ်။ “သေခြင်းတရားကပဲ သူတို့ကို ခွဲခွာစေနိုင်မယ်”ဆိုတဲ့ ယုံကြည်ချက်ကို စွဲကိုင်ထားတာပါ။ ဘာစီလိုနာမှာ ရှိခဲ့တဲ့ သူ့နေ့ရက်တွေက စိန်ခေါ်မှုဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့် သူ့ကလေးတွေဖြစ်တဲ့ မီလန်နဲ့ ဆာရှာတို့အတွက်ပါ။

Ref: Shakira wants to raise kids with their father Gerard Pique: ‘My biggest dream

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top