နီပေါနိုင်ငံမှာ မိုးသက်မုန်တိုင်းကြောင့် လူ (၃၀) သေဆုံး

in6.jpg

နီပေါနိုင်ငံတောင်ပိုင်းမှာ ပြင်းထန်တဲ့ မိုးသက်မုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ (၃၀) သေဆုံးပြီး လူရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ဘရာနဲ့ ပါဆာခရိုင်တွေမှာ အိမ်တွေပြိုလဲတာ၊ ကားတွေ ပက်လက်လန်နေတာ၊ သစ်ပင်တွေ အမြစ်က ကျွတ်ထွက်တာ၊ ဓာတ်အားလိုင်းတွေ ပြိုလဲကုန်တာမျိုး ကြုံခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ လမ်းဘေးထိုးကျသွားတဲ့ ဘတ်စ်ကားထဲက ခရီးသည်တွေလည်း ပါပါတယ်။

မိုးသက်မုန်တိုင်း တိုက်ခတ်ခဲ့ချိန်မှာ ကံသီလို့ သေဘေးက လွတ်မြောက်ခဲ့သူတွေရှိပါတယ်။ ကာလူးလို့ အမည်ရတဲ့ အသက် (၇၀) အရွယ် အဘွားအိုဟာ အိမ်ထဲကနေ ထွက်ဖို့ တံခါးဖွင့်လိုက်တဲ့အချိန်မှာပဲ အိမ်ခေါင်မိုး ပြိုကျခဲ့ပါတယ်။ သူသာ အိပ်ရာထဲမှာပဲ ရှိနေဦးမယ်၊ စက္ကန့်အပိုင်းအခြားလောက်သာ နောက်ကျမယ်ဆိုရင် အသက်ရှင်မှာမဟုတ်ဘူးလို့ ကာလူးက ပြောပါတယ်။ မိုးသက်မုန်တိုင်း တိုက်ခတ်ခဲ့တဲ့ဒေသမှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ဖို့ အထူးတပ်ဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။ နီပေါနိုင်ငံမှာ နွေဦးကာလရောက်ရင် မိုးသက်မုန်တိုင်းတွေ တိုက်ခတ်လေ့ရှိပေမဲ့ လူတော်တော်များများ သေဆုံးစေတဲ့အထိ ပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်တာတော့ ကြုံတောင့်ကြုံခဲပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top