ကိုယ်ပိုင်ဂျက်လေယာဉ်ကို သူနဲ့အတူ စီးခွင့်ပြုမယ်ဆိုရင် အီလွန်မက်စ်ရဲ့လေကြောင်းခရီးစဉ်ကို ခြေရာခံတာရပ်ပေးမယ်ဆိုတဲ့ ကျောင်းသားလေး

29-8-2022-yyl-09.jpg

အသက် ၂၀ အရွယ် ဂျက်ခ် ဆွီနေးဆိုတဲ့ ကောင်လေးဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ကို ခြေရာခံနေခဲ့တာပါ။ သူက ElonJet အမည်နဲ့ တွစ်တာအကောင့်ဖွင့်ပြီး အီလွန်မက်စ်ရဲ့လေယာဉ်ထွက်ခွာတဲ့အချိန်၊ ဆင်းသက်တဲ့အချိန်၊ ခရီးတစ်ခုစီရဲ့ကြာချိန်တွေကို တင်ပေးခဲ့တာပါ။ အီလွန်မက်စ်ကတောင် သူ့လုံခြုံရေးအတွက် အန္တရာယ်များတာကြောင့် ခြေရာခံတာရပ်တန့်ပေးဖို့ ဂျက်ခ်ကို ဒေါ်လာ ၅၀၀၀ နဲ့ ကမ်းလှမ်းတောင်းဆိုခဲ့ပါသေးတယ်။ အဲဒီတုန်းက ဂျက်ခ်ဟာ ဒေါ်လာ ၅၀၀၀ အစား ဒေါ်လာ ၅၀၀၀၀ တောင်းဆိုခဲ့တာပါ။ ရိုးရာလေးက စာဖတ်ပရိသတ်တွေအတွက် ဒီအကြောင်းကို အရင်က ရေးသားပေးခဲ့ဖူးပါတယ်။ (အဲဒီသတင်းရဲ့လင့်ခ်ကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်)

အခု ဂျက်ခ်က အီလွန်မက်စ်သာ သူတောင်းဆိုတာကို သဘောတူမယ်ဆိုရင် သူ့ကိုယ်ပိုင်ဂျက်လေယာဉ်ရဲ့တည်နေရာကို ခြေရာခံတာ ရပ်ပေးမယ်လို့ ပြောလာပါတယ်။ ဂျက်ခ် လိုချင်တာက ပိုက်ဆံမဟုတ်ပါဘူး။ အီလွန်မက်စ်ရဲ့ဂျက်လေယာဉ်ကို သူနဲ့အတူ စီးရဖို့ပါ။

အီလွန်မက်စ်က သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ကို သူ့နဲ့အတူ သူ့ကို စီးခွင့်ပြုမယ်ဆိုရင် ခြေရာခံနေတာကို ရပ်တန့်ပေးဖို့ အဆင်သင့်ပါပဲလို့ ဖလော်ရီဒါအလယ်ပိုင်းတက္ကသိုလ်ရဲ့ အိုင်တီမေဂျာကျောင်းသားလေး ဂျက်ခ်က ထုတ်ပြောလာခဲ့ပါတယ်။
“တကယ်လို့ သူက သူ့ရဲ့ဂျက်လေယာဉ်မှာ သူ့နဲ့အတူ ကျွန်တော်ကို စီးခွင့်ပြုမယ်ဆိုရင် အရင်ကတောင်းဆိုထားတဲ့ ဒေါ်လာ ၅၀၀၀၀ကိုတောင် ကျွန်တော့်ကို မပေးရတော့ပါဘူး။ ကျွန်တော် ဒါကို ရပ်တန့်ပေးမှာပါ။ ဒါက ဆွေးနွေးမှုအပေါ်မူတည်နေတုန်းပါပဲ”လို့ ဂျက်ခ်က New York Post က ပြောကြားခဲ့ပါတယ်။

ဂျက်ခ်ရဲ့ ElonJet တွစ်တာအကောင့်က Follower ၅သိန်းနီးပါးရရှိထားပါတယ်။ သူ့ရဲ့ဂျက်လေယာဉ်ကို ခြေရာခံနေတဲ့ တွစ်တာအကောင့်ဖျက်ပေးဖို့ ဆယ်ကျော်သက်တစ်ဦးကို အီလွန်မက်စ်က ဒေါ်လာ ၅၀၀၀ နဲ့ ကမ်းလှမ်းတောင်းဆိုတဲ့ သတင်းလင့်ခ်

Ref: Indiatimes “Student Says He’ll Stop Tracking Elon Musk’s Whereabouts If Billionaire Flies Him On His Private Jet”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top