ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများ

2-3.jpg

– တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ်(2019-nCov)ကြောင့် သေဆုံးသူအရေအတွက်က ၈၁ ဦးအထိ ရှိလာခဲ့ပါပြီ။
– ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူအရေအတွက်ဟာ (၆)ရက်ကြာရင် တစ်ကြိမ်၊ (၂)ဆမြင့်တက်လာနိုင်တယ်လို့ ဟောင်ကောင်တက္ကသိုလ်ရဲ့ ပြည်သူ့ကျန်းမာရေးဆေးဝါးဌာန ဥက္ကဋ္ဌ ပါမောက္ခ ဂါဘရီယယ်လန်းက ပြောပါတယ်။
– ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့အတွက် ဝူဟန်မြို့နဲ့ ဟူပေပြည်နယ်က တရုတ်နိုင်ငံသားတွေကို မလေးရှားနိုင်ငံက ပြည်ဝင်ခွင့် ယာယီပိတ်ပင်လိုက်ပါပြီ။ ဟောင်ကောင်မြို့ကလည်း ဟူပေပြည်နယ်မှာ နေထိုင်သူတွေကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပါပြီ။ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံထားရသူ ၄ ဦး ရှိပြီး ဟောင်ကောင်မြို့မှာတော့ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရထားသူ ၈ ဦး ရှိနေပါတယ်။

– ကိုရိုနာဗိုင်းရပ်စ်သစ် စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဟူပေပြည်နယ်ကနေ ဗြိတိန်နိုင်ငံသားတွေ ထွက်ခွာနိုင်အောင် ကူညီပေးဖို့ ဗြိတိန်နိုင်ငံက ကမ်းလှမ်းထားတယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးက ထုတ်ပြန်ထားပါတယ်။
– ပြင်သစ်နိုင်ငံကလည်း လာမယ့်သီတင်းပတ်ကျရင် ဝူဟန်မြို့မှာရှိတဲ့ ပြင်သစ်နိုင်ငံသားတွေကို ပြန်ခေါ်သွားမယ်လို့ ပြင်သစ်ကျန်းမာရေးဝန်ကြီး ဘူဇန်က ပြောပါတယ်။ ဝူဟန်မြို့ကနေ ပြန်ရောက်လာတဲ့ ပြင်သစ်နိုင်ငံသားတွေကို နေရာတစ်ခုမှာ (၁၄)ရက်ကြာ စောင့်ကြည့်သွားမယ်လို့ ဘူဇန်က ဆိုပါတယ်။

– ဝူဟန်မြို့အနီးတစ်ဝိုက်မှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသား ၆၀ ကို မြန်မာနိုင်ငံထံ ပြန်ခေါ်သွားမယ်လို့ ဘေဂျင်းမြို့မှာရှိတဲ့ မြန်မာသံရုံးက ကြေညာထားပါတယ်။
– ရှန်ဟိုင်းမြို့မှာရှိတဲ့ အစိုးရရုံးဌာနတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေကို ဖေဖော်ဝါရီလ ၉ ရက်နေ့မတိုင်ခင် လုပ်ငန်းဆောင်ရွက်ခွင့် မပြုဘူးလို့ ရှန်ဟိုင်းအစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။ အဲဒီစည်းမျဉ်းဟာ စွမ်းအင်ကုမ္ပဏီတွေနဲ့ ကျန်းမာရေးပစ္စည်းကုမ္ပဏီတွေ၊ ဆေးဝါးကုမ္ပဏီတွေအပေါ် သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။

– ဟူပေပြည်နယ်မြို့တော် ဝူဟန်မြို့ကတော့ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် တရုတ်နိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်နဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးတာကို ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ဆိုင်းငံ့ထားပါတယ်။
– ဝူဟန်မြို့ ဗဟိုဆေးရုံကြီးမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း အနည်းဆုံး တစ်ဒါဇင်က ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံထားရတယ်လို့ သူနာပြုတစ်ယောက်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top